ဝယ်စရာရှိတာဝယ်ခြမ်းပြီး အိမ်ကိုပြန်လာကြသည်အထိ ဟိုဒီသာဘာညာဆိုတဲ့လူက နေ့ကိုတစ်မိန်းမတည်းမိန်းမနေတာ ကပ်ထားလိုက်တာဆိုတာလည်း တောက်တဲ့အတိုင်းပဲ။ ကိုကြီးယံလင်းကလည်းအကြီးဖြစ်ပြီး အားကိုးရမလားမှတ်တယ် ဒီလူ့ဗလကြောက်လို့ဆိုပြီး အနားတောင်မကပ်ဘူး။ တကတည်းမှ အတိတ်မေ့နေတဲ့လူက သူ့ဘာလုပ်မှာကျလို့
"ဒီနေ့နဲ့ယံလင်းပြန်လာပြီလားကွ မိုးတောင်ချုပ်နေပြီ မင်းတို့ဖေမှိုင်းကမင်းတို့ကိုမျှော်နေတယ် သူ့သားတွေကိုစိတ်မချလို့ထမင်းတောင်မစားဘူးကွာ"
"ဖေလင်းကလည်းဗျာ သေချာချော့ပြီး ဝင်အောင်ကျွေးထားတာမဟုတ်ဘူး ဟိုလေးယောက်ကကောဘာလုပ်နေလို့လည်း ဝိုင်းမကျွေးကြဘူးလား" ယံ
အဖေချစ်သားကြီးယံလင်းကို မိုးသောက်ကိုဆူပူနေတော့၏။ ကိုယ်ကသူတို့ထက်တောင်စိတ်ပူတတ်သေးတာပါနော် မကျွေးဘဲနေမလား ချော့လိုက်ခြောက်လိုက်ကျွေးတာပဲကို ခေါင်ကမလုပ်ချင်တာကိုအတင်းလုပ်ခိုင်းရင် ဘာဖြစ်မယ်ဆိုတာလည်း မသိတာလည်းမဟုတ်ဘဲနဲ့
"ကိုယံရယ် ဖေလင်းလား ဖေမှိုင်းကိုမကျွေးဘဲနေမှာ ဖေမှိုင်းဘာသာမစားဘဲနေတာနေမှာပါဗျာ ဖေလင်းကိုဆူချင်လည်းနောက်မှဆူ ခုသယ်ထားရတာေတွကလေးနေပြီ" နေ့
စောက်ပို လေးတယ်သာပြောနေတာ သူ့လက်ထဲမှာပါတဲ့အထုတ်က မြေဩဇာအထုတ်သေးနှစ်ထုတ်။ ကျန်တာသူ့လင်သယ်လာတဲ့ဟာကို
"ကိုဒီသာဘာဆိုလားကိုလည်း နည်းနည်းပါးပါးအားနာအုန်း သူကလေးရတယ်မရှိဘူး မင်းကလေးနေတယ်" ယံ
"ဒီကညီလေးရယ် မိန်းမကိုမပြောပါနဲ့ အစ်ကိုသယ်နိုင်ပါတယ်"
မိန်းမ.....မိုးသောက်ကြောင်သွားရ၏။ ခုသူ့သားဒီနေ့မှိုင်းကိုကြည့်ပြီးမိန်းမလို့ ဒီသူငယ်ကခေါ်လိုက်တာလား။
"ဒီနေ့ ဘယ်လိုဖြစ်တာတုန်း မင်းကိုမြို့မှာလယ်အတွက်လိုတာတွေသွားဝယ်ခိုင်းတာ လင်ပါယူလာတယ်ပေါ့ ဟိုကောင်ယံလင်း မင်းကလည်းအကြီးဖြစ်ပြီးမတားဘူးလား ဒီနေ့မင်းနဲ့ ဒီကောင်နဲ့ဘယ်တုန်းကကြိုက်ပြီး ညားသွားကြတာတုန်း"

YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...