(20)

1.2K 41 0
                                        

နန်းရဲ့မိဘတွေကလည်း ပြောစရာရှိတာပြော မှာစရာရှိတာမှာပြီး အိမ်ပြန်သွားကြလေ၏။ အမေကတော့ သူ့မြေးကိုသိပ်ဖို့ဆိုကာ အိမ်ပေါ်ခေါ်သွားလေ၏။ ယံလင်းတို့ကအဖွားအိမ်ကအိမ်စောင့်နတ်နဲ့တည့်သလောက် အဖေတွေအိမ်ကအိမ်စောင့်နတ်နဲ့မယားလုဖက်လို့ထင်ရလောက်အောင် အိမ်မကပ်ပေ။ သူ့ကိုကြည့်လိုက်တိုင်း သူကြီးအိမ်မှာရှိရင်ရှိ မရှိရင် အမေ့အိမ်ပင်။ အလျှိုလျှိုထွက်သွားကြပြီးကျန်ခဲ့တာတော့ မိုးသောက်တို့အုပ်စုပင်

"မမ နင်ကျောင်းမှာစာပြန်သင်မှာလား"

"အင်း ပြန်သင်မယ်လေအငယ်ရယ် ဒီတိုင်းထိုင်နေလို့လည်း ဘာအကျိုးမှ မှမထူးတာ"

"အွန်း သူကြီးလည်းရှိနေတော့တစ်ခါတည်းအဆင်ပြေတာပေါ့ဟာ"

"သော်တာ စာပြန်သင်ဖို့အတွက် ကျုပ်အားလုံးကူညီပါ့မယ်" သာထက်

"ကျေးဇူးပါရှင် ဒီကမောင်လေးနဲ့ညီမလေးကကျောင်းဆရာဆရာမတွေပဲလား"

"ဟုတ်ပါတယ်အမ အကြင်နာတို့က အမရဲ့ဂျူနီယာတွေပေါ့"

"ဒါကျုပ်ရဲ့အနာဂတ်ခင်ပွန်းလေးလေ နာမည်ကစည်တော်သံတဲ့"

"သူကြီးကလည်း ကြင်သူနဲ့ပါလားရှင် ကိုမဟော်ကြီးရောအိမ်ထောင်တွေဘာတွေကျနေပြီလား"။ နန်း

"ဘယ်ကသာဗျာ ကျုပ်ကခုမှပိုးတုန်းပန်းတုန်းပါဗျ"

"ရွာထဲကဘယ်အပျိုလည်း"

"ရွာထဲအပျိုတွေများ ကျုပ်ကအလကားပေးတာတောင်မယူဘူး ကျုပ်ပိုးနေတာဆရာမလေးကို"

"ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲကိုယ်ဖိတ်နေကြတာကို"

သာထက်တို့ထက် သော်တာကအသက်အားဖြင့်2နှစ်ကျော်ကြီးလေ၏။ နန်းရယ်မိုးသောက်ရယ် သန်းခေါင်ရယ် သူကြီးရယ် မဟော်ရယ် အကြင်နာနဲ့စည်တော်တို့ကသာ ရွယ်တူတန်းတူပင် ကြီးလည်းလလောက်လေးသာကြီးကြ၏။

"နင်တို့လည်း နားအုန်းလေ ငါတို့လည်းပြန်လိုက်အုန်းမယ်"

"အေးအေး ကလေးကအိပ်နေပြီ"

"ရတယ် ငါချီသွားလိုက်မယ်"

"အွန်း"

~~~~~~~~~~

မတည့်အတူနေ(U&Z)Where stories live. Discover now