"မိုးသောက်လင်း ငနဲသား မင်းဘယ်မလဲ ထွက်ခဲ့စမ်း"
အိမ်ပေါ်ကိုဒေါသတကြီးပြေးတက်လာတဲ့ သန်းခေါင်ပါလေ
"အမှောင်ကောင် မင်းခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံဗြဲနဲ့အော်မနေနဲ့ မင်းအသံအောင်တာငါသိတယ်"
"ဘာစောက်စကားပြောတာလည်း မင်းလုပ်ထားတာမင်းမသိဘူးလား"
"သိတာပေါ့ ကျုပ်လုပ်လို့ခင်ဗျားအိမ်ပေါ်ကတောင်ဆင်းသွားတာမဟုတ်ဘူးလား ခုဘာကိစ္စနဲ့ပြန်လာတာလည်း ပြောတော့ တစ်ပတ်လောက်ဆင်းမှာဆို"
"ဟျောင့် ငါပြောတာအဲ့ကိစ္စမဟုတ်ဘူး ဒီစာ ဒီစာကိုမင်းဘာစောက်ချိုးချိုးပြီးပေးတာလည်း သတောင်းစားရဲ့"
သူတို့ရန်ဖြစ်နေတဲ့ အသံကကျယ်တာမို့ ဘေးအိမ်ကလူတွေရော လမ်းသွားလမ်းလာကလူတွေရော ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ၏
"ဘာစာလည်း ကျုပ်ဘာစာမှခင်ဗျားကိုမပေးဘူး"
"စောက်ပိုမလုပ်နဲ့ မင်းပေးတယ်ဆိုပြီး အကြင်နာလာပေးသွားတာ"
"ခင်ဗျားမို့ အဲ့ဟာမလေးစကားကိုယုံတယ် လက်ရေးချင်းတူလားသေချာကြည့်လေ ကိုယ့်လင်လက်ရေးတောင်ကိုယ်သေချာမကြည့်ဘူးလား"
"ငါလည်း ဒေါသထွက်ပြီးပူထူနေတာနဲ့မကြည့်မိဘူးလေ ကျက်သတုန်းရဲ့"
"ပေး အဲ့စာ ကျုပ်ဖတ်ကြည့်မယ်"
စာကိုဖတ်ပြီး မိုးသောက်ပါမျက်လုံးပြူးသွားရ၏။ ကြင်နာမြတ်နိုးဆိုတဲ့ဟာမက လူလေးကြည့်တော့သာမခုတ်တတ်တဲ့ကြောင်ရုပ်နဲ့ ကိုယ့်ကိုကိုယ်မိန်းခလေးဆိုတာတောင်သိတသေးရဲ့လားမသိ
"တွေ့ကြသေးတာပေါ့ အကြင်နာမရယ် အလှည့်ကြမနွဲ့စတမ်းပေါ့ ဟင်းဟင်း"
"ရယ်ပုံကိုကလူယုတ်မာအသံနဲ့"
"အဲ့လူယုတ်မာက ခင်ဗျားလင်လေ ခင်ဗျားကိုလုပ်ထားတဲ့သူ"
"မဏ္ဍာပ်တိုင် ခဏခဏတပ်ပြမနေနဲ့ ငါသိတယ် သတောင်းစားရဲ့"
"ခင်ဗျားခုဟိုအိမ်ပြန်အုန်းမှာလား"
"မပြန်တော့ဘူး သားရော"
"သူ့အဘွားဆီပို့ထားတယ်"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...