(22)

3K 79 0
                                        

သန်းခေါင်နှိုးလာတော့ ဘေးမှာလူတွေစုံနေ၏။ သူ့ရဲ့ခေါင်းတစ်ခုလုံးလည်းချာချာလည်နေ၏

"သားမှိုင်း သားမှိုင်းမှာကိုယ်ဝန်ရှိနေပြီတဲ့"

"ဗျာ ကျုပ်မှာကိုယ်ဝန်ရှိနေပြီ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်းအရီးရယ် ကျုပ်ကယောကျာ်းလေးလေဗျာ"

"ခင်ဗျားမှာတကယ်ကိုယ်ဝန်ရှိနေတာ သန်းခေါင်မှိုင်း"

"တကယ် ငါငါ..."

"ဖျက်ချလိုက်"

သန်းခေါင်ရဲ့ ငါဝမ်းသာလိုက်တာဆိုတဲ့စကားပြောလို့မဆုံးခင် မိုးသောက်ရဲ့စကားကြောင့် အားလုံးအံ့ဩကုန်၏။ မိုးသောက်ကပျော်ရမှာမဟုတ်ဘူးလား

"မင်းဘာစကားပြောတာလည်း"

"ကျုပ်ပြောတာကဖျက်ချလိုက်လို့ ဒီကလေးကိုကျုပ်မလိုချင်ဘူး"

မိုးသောက်တကယ်တော့လိုချင်ပါ၏။ ကိုယ်ချစ်ရသူရဲ့သွေးသားပဲလိုချင်‌တာပေါ့။ ဒါပေမယ့် ဒါကသန်းခေါင့်ရဲ့အသက်ကိုအန္တရာယ်မပေးဘူးလို့မပြောနိုင်ဘူး

"ငါလိုချင်တယ်လေ ဒါကငါတို့ရဲ့ကလေးလေ"

"ကျုပ်တို့မှာယံလင်းရှိတယ်လေ ခင်ဗျားဘာတွေထပ်ပြီးတောင့်တနေတာလည်း ကျုပ်ပြောပြီးပြီနော် ဖျက်ချလိုက်"

'ဖြောင်း'

"နင့်မှာလူစိတ်မရှိဘူးလား ဟမ် နင့်ကိုငါဒီလိုအသိတရားမရှိတဲ့လူဖြစ်အောင်မွေးထားတာမဟုတ်ဘူး"

"အမေ မသိပါဘူးဗျာ သူဒီကလေးကိုမွေးလို့မဖြစ်ဘူး"

'ခွပ်'

သန်းခေါင့်ထိုးချက်ကြောင့် မိုးသောက်ရဲ့မျက်နှာတစ်ခုလုံးလည်ထွက်သွား၏

"မင်းမမွေးခိုင်းလည်း ငါ့ဟာငါမွေးပြီး ငါ့ဟာငါရှာကျွေးမယ် မင်းနဲ့လည်းမပေါင်းနိုင်ဘူး လူစိတ်မရှိတဲ့ကောင်"

"ငါနဲ့မပေါင်းချင်လည်းရတယ် ဒီကလေးကိုတော့ဖျက်ချပေး"

"လီးမို့လို့မင်းစကားနားထောင်ရမှာလား မင်းစောက်ပေါက်ကိုပိတ်ထား ငါမင်းနဲ့လည်းမနေတော့ဘူး ငါ့အဘအိမ်ငါပြန်မယ်"

မတည့်အတူနေ(U&Z)Where stories live. Discover now