မှိုင်းတုမဏိလင်းရဲ့အော်သံကြောင့် သန်းခေါင်ကဗိုက်ကလေးကိုင်ပြီးထွက်လာ၏။ မိုးသောက်ရဲ့အလုပ်ကြိုးစားမှုကြောင့် စီးပွားရေးအင်အားတောင့်တင်းလာသလို မိသားစုဝင်အင်အားလည်းတောင့်တင်းလာ၏။ မိုးသောက်ကကျောင်းဆရာဆက်မလုပ်တော့ပဲ သူတို့ပိုင်တဲ့လယ်တွေကိုသာ ဦးစီးဦးဆောင်လုပ်နေ၏။ ငွေတိုးချေးစားတာကို စောလွန်းကတာဝန်ယူပြီး အိမ်ကဆိုင်လေးကိုတော့ စောခမ်းကတာဝန်ယူ၏။ ရွာထဲကလူတွေဆိုသန်းခေါင့်ကိုတွေ့တာနဲ့ ရှင်မွေးလွန်းဆိုပြီးစနောက်နေကြလို့ သန်းခေါင့်မှာရှက်ရှက်နဲ့သာပြုံးပြခဲ့ရပေါင်းများပြီ။ စည်တော်တို့မွေးစားထားတဲ့ဘုန်းတော်ဉာဏ်လေးကလည်း အမွှာသုံးယောက်နဲ့တစ်ရက်ထဲမှာအတူတူမွေးတာကြောင့် တစ်နှစ်ပြည့်တော့မည်ဖြစ်၏။ မဟော်နဲ့အကြင်နာကလည်း လက်ထပ်ပြီး ခုဆိုအကြင်နာကဗိုက်ပူမပင်ဖြစ်နေ၏။
"တုမဏီ သမီးလာဖြစ်လို့လဲ ဖေမှိုင်းကိုပြော"
"ဘာချစ်ရမယဲ ပေမှိုင်းရယ် ဏိဏိတီနေ့ တီညက်အိမ်တွားရယ်တုန်းက ယေးဟော်ကယေ ပေမှိုင်းကတဲ့ ညီမယေးမွေးရင် တုတားနဲ့ပေးချားမှာတဲ့ ဝုတ်ယား ညီမယေးကိုပေးဖူးညော်"
မင်းမဟော်ဆိုတဲ့မြေဩဇာကောင်ကတော့ ဒေါ်မဏိမကြိုက်မှန်းသိရက်နဲ့သိပ်စတာပဲ။ ဒီကလည်းအစမခံ ဟိုကလည်းအသေစ ပြီးရင်ကလေးနဲ့အပြိုင်ရန်ဖြစ်ကောက်ချိတ်သေးတယ်
"ဖေမှိုင်း မပေးပါဘူးဗျာ ဖေမှိုင်းကကိုယ့်သားသမီးကိုသူများကိုပေးစရာလား မပေးဘူးစိတ်ချ ချွေးတိတ်အောင်အရိပ်ထဲမှာနေနော် ပြီးရင်ရေချိုးရမယ် ကြားလား ဒီနေ့မှိုင်းရော ဒီညလင်းရော သန်းခေါင်ယံလင်းရောနော် ငါ့ကြက်တွေကိုမျက်စောင်းထိုးမနေကြနဲ့ စောလွန်း မင်းလည်းကလေးတွေမြှောက်ေ့းတိုင်း ဟိုဟာတက်အောင်မကနဲ့နော်"
"ဟုတ်ကဲ့ပါ ကိုကြီးမှိုင်းရယ်"
"ယေးယေးမှိုင်းရေ ဘုန်းယာတယ်"
"ဝင်လာခဲ့လေကွာ ခြံတံခါးဖွင့်ထားတယ်"
"ဟုတ်ကဲ့ကိုကြီးမှိုင်း"
"စည်တော်ကောပါတာလား"
"ဒီနေ့ဥပုပ်နေ့လေကိုကြီးမှိုင်းရဲ့ ကျောင်းပိတ်တယ် အဲ့တာဘုန်းလေးနဲ့ ရွာထဲလျှောက်ကြည့်ရင်းနဲ့ ကိုကြီးမှိုင်းတို့ဆီဝင်လာလည်တာ"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...