စောလွန်းရှင်နဲ့ စောခမ်းရှင်က သန်းခေါင်နဲ့မှိုင်းကမိဘမဲ့ကလေးတွေမို့အိမ်မှာဝိုင်းလုပ်ဝိုင်းစားခေါ်ယူစောင့်ရှောက်ထားတာပင်။ စောခမ်းက19နှစ်အမကြီးဖြစ်ပြီး စောလွန်းက13နှစ်အရွယ် မောင်လေးဖြစ်၏။ အရင်ကသူတို့မိဘတွေရှိစဉ်ခါတုန်းက စောလွန်းနဲ့ စောခမ်းဟာရွာကျောင်းမှာ စာသင်နေကြသေး၏။ မိဘတွေဆုံးသွားတော့လည်း စောခမ်းက ကျောင်းထွက်ပြီး အကြော်လိုက်ရောင်းကာ သူ့မောင်လေးကိုကျောင်းထားပေး၏။ နေစရာအိမ်ကလည်းမရှိတာကြောင့် မောင်နှမနှစ်ယောက်ရွာထိပ်ကဇရပ်မှာသာနေရ၏။ သန်းခေါင်နဲ့မိုးသောက်က သနားလို့ခေါ်ယူစောင့်ရှောက်ထားတာပင်။
"ကိုကြီးမှိုင်း ကျုပ်တို့ဒီကအပြန်ကျရင် လယ်ထဲမှာပုဇွန်လုံးလိုက်နှိုက်ကြရအောင်"
"အေး သွားကြတာပေါ့ ပြီးရင် မဟော်တို့ကိုထန်းရည်ဝယ်ခိုင်းပြီးမြည်းလိုက်ရရင်ရှယ်ပဲ"
"ထန်းရည်သောက်ကတာကောင်းလား"
"ကောင်းတော့ကောင်းပေမယ့် ဘုရားမကြိုက်ဘူးနတ်မကြိုက်ကွ မင်းလည်းမသောက်ဖြစ်အောင်ကြိုးစားပေါ့ကွာ"
"ဘုရားမကြိုက်တာတော့ဖြစ်နိုင်တယ် နတ်မကြိုက်တာတော့မဖြစ်နိုင်ဘူး ဘာလို့ဆို အရီးခင်တို့အိမ်မှာ ကန္နားပွဲလုပ်တုန်းက ကိုကြီးကျော်ဆိုတဲ့ နတ်ကို အရက်ပုလင်းကြီးဆက်သရတယ်လေ"
"ဒါကတော့ ဒါပေါ့ကွာ နတ်တိုင်းလည်းအရက်မကြိုက်ကြပါဘူး ငါလည်းအရက်မသောက်ပါဘူး ထန်းရည်ပဲသောက်တာ အရက်ကမကောင်းဘူး"
"ဟုတ်"
~~~~~~~
"လင်းလင်းရေ!!!!"
"မိအကြင်နာရယ် ကျောင်းထဲမှာဆိုတာလည်းသတိရအုန်း အသက်ကဖြင့်30ပြည့်နေပြီ သူ့ကိုယ်သူ23နှစ်သမီးလို ရွမနေနဲ့"
"သိပါတယ်ဟ နင်ကလည်း ပြောစရာရှိလို့ပါဟယ် စိတ်ကြီးပဲ လူကသာစိတ်ကြီးနေတာ ခုထိ နင့်လင်နဲ့နင်roleကွဲသေးလို့လား ယူထားတာဖြင့် 4နှစ်ပြည့်တော့မယ်"
"ဘာဆိုင်လည်း အဲ့ကိစ္စနဲ့ ပြောစရာရှိတာပြော ငါကလေးတွေ စာဖြေထားတာအမှတ်ခြစ်ရအုန်းမယ်"

YOU ARE READING
မတည့်အတူနေ(U&Z)
Fiksi Penggemarမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...