သန်းခေါင်ပြန်သွားတော့ ချစ်ချစ်ဖြူနဲ့ခင်ခင်မေက သာထက်နားကိုတိုးလားကြ၏။
"ဟဲ့ကောင်မ ညည်းကြိုက်တဲ့သန်းခေါင်မှိုင်းကပြန်သွား သွားသူ့နောက်လိုက်"
"ဟဲ့ညည်းဘာသိလို့လည်း ကိုသန်းခေါင်ကအိမ်ထောင်သည်ဖြစ်သွားပြီ ငါကာမေသုမုတ်စားဆာလားကံထိုက်မှာပေါ့ အဲ့တာကြောင့်ကိုသူကြီးကိုပြောင်းချိန်တာ"
"အမလေး ရယ်လိုက်ရတာဗိုက်တောင်နာတယ် လင်တရူးတာကျတော့ သူများထက်တစ်မူးသာတယ် ဘုရားတော့မှန်မှန်မရှိခိုးဘူးထင်ပါရဲ့ ကာမေသုမုတ်စားဆာလားကံတဲ့ ဟဲ့ကောင်မ မသေမချင်းမှတ်ထား ကာမေသုမိစ္ဆာစာရကံဟဲ့ လင်တရူးမရဲ့"
"အဲ့လိုပြောရကြေးဆို ညည်းလည်းစာပေမလိုက်စားဘူးထင်ပါ့ ညည်းဝဇီကိုင် မသင်ဖူးဘူးလား အဲ့မှာပါတယ် အေးလေ ညည်းကကျောင်းတက်ရတဲ့အရွယ်တုန်းက စာကိုသေချာမသင်ဘဲ မိန်းမနောက်ပိုးလုပ်နေတာကို စာလေးဘာလေးသေချာပြန်ဖတ်လိုက်အုန်း မိန်းမနောက်ပိုးရဲ့"
သာထက်လည်း လူကြီးတွေကိုအားနာတာကြောင့် ထငေါက်လိုက်ရတော့၏
"ခင်ဗျားတို့ လင်တရူးပြဿနာဖြေရှင်းခန်းတရားစီရင်ဖို့ ကျုပ်လူစုထားတာမဟုတ်ဘူး အေး လင်တရူးချင်တခြားသွားရူး ကျုပ်ထိပ်တုံးက ကျားမ မရွေးဘူးနော် ဒီမှာဆက်နေချင်သေးရင် ပါးစပ်ပေါက်ပိတ်ပြီး ကျုပ်နဲ့ဝေးဝေးမှာသွားနေ"
"ဟုတ်"×2
"ကဲ ရွာဘုရားပွဲကိစ္စပြန်ဆက်ကြမယ်"
"ဟျောင့် သူကြီး"
"တော်ပြီ ကျုပ်ဘုရားပွဲကိစ္စမပြောတော့ဘူး ကျုပ်ပြောမယ်လုပ်တိုင်းအဖျက်ကပေါ်ပေါ်လာတယ် ကဲဘာကိစ္စလည်း ဒူးမနာသား"
"မင်းမေလင်ကို ဒူးမနာသား မင်းဆရာလေးကစကားပါးလိုက်လို့"
"ဘာ! ဆရာလေးတစ်ခုခုဖြစ်လို့လား ဆရာလေးဘယ်မှာလည်း ကြာပါတယ်ကွာ ငါ့ဘာသာပဲသွားရှာတော့မယ်"
"ဟာ ဟျောင့် မင်းကဆရာလေးဘယ်မှာရှိလည်းသိလို့လား ငါကဆရာလေးကရွာဘုရားပွဲတွက် အလှူငွေ1သိန်းထည့်မယ့်ကိစ္စပြောခိုင်းလိုက်လို့ပြောဖို့ဟာကို"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
