(30)

2.9K 58 3
                                        

ထိုအဖြစ်အပျက်တွေအပြီး သောကမီးကိုသူ့မိဘတွေကမြို့ကိုပြန်ခေါ်သွားကြ၏။ ဒီရွာမှာဆက်ထားဖို့စိတ်မချတော့ဘူးနေမှာပေါ့။ ဇေကြီးတို့ကလည်း ထောင်10နှစ်ကြသွား၏။ ထိုအဖြစ်ပျက်တွေပြီးခဲ့တာ3လမျှပင်ကြာသွားပြီဖြစ်၏။ ဒီနေ့ကမောင့်ရဲ့31နှစ်ပြည့်မွေးနေ့။ မနက်အစောပိုင်းကတော့ရွာဦးဘုန်းကြီးကျောင်းကိုဆွမ်းကပ်ပြီးပြီဖြစ်၏။ နေ့လည်ပိုင်းကတော့ရွာထဲမှာ သာကူတိုက်တာပင်။

"ကိုမင်းမောနေပြီလား မြတ်ချွေးသုတ်ပေးမယ်နော်"

"ကိုယ့်ရဲ့မြတ်ကလေးမျက်နှာမြင်ရတာမမောပါဘူးဗျာ ဒါပေမယ့်အနမ်းလေးပေးရင် ပိုပြီးတော့အားတွေရှိလာမယ်ထင်တာပဲ"

"ဒါပေါ့ မြတ်ကကိုမင်းရဲ့အမောပြေအားဆေးဗီတာမင် ငါးကြီးဆီ ဘိုက်တာဟုန်း အော်ရာမင်းဂျီလေးဟာကို အူးမွ"

"မသာတွေ ဒီနေ့ကမောင့်မွေးနေ့နော် နင်တို့အတွဲရဲ့ကြည်နူးရွှင်မြူးအဟူးဟူးလုပ်ရမယ့်နေရာမဟုတ်ဘူး မြန်မြန်ယူဆိုတော့လည်းမယူကြဘူး မိအကြင်နာလည်းအိုက်တင်ကခံနေတာ ယူစရာရှိတာမယူဘူး မယူရင်လည်းအေးဆေးနေ သူများယောကျာ်းမွေးနေ့မှာ ချစ်ကြည်နူးတစ်တစ်တူးမလုပ်ကြနဲ့ တကည်းအလုံးတွေကိုနောက်နေတာပဲ"

မွေးနေ့မှာကူလုပ်တာကနည်းနည်း ထိုင်ပြီး Roနေကြတဲ့ မဟော်နဲ့အကြင်နာတို့အား စောက်မြင့်ကပ်ပုဒ်မနဲ့ပြောပေးလိုက်၏။ စိတ်လေတယ် မြန်မြန်လည်းလက်မထပ်ကြဘူး။ သူတို့နောက်မှ ကြိုက်သွားကြတဲ့ ချစ်ချစ်ဖြူနဲ့ သီတာရွာကစံလှတောင်ယူသွားကြပြီ။ ဟော ခင်ခင်မေနဲ့ ဖိုးစီတို့ဖိုးတီတို့ဦးလေး ကိုကြက်တောနဲ့လည်းယူသွားကြပြီ။ ခင်ခင်မေဆိုဗိုက်တောင်ကြီးနေပြီ။

"အချစ် သဲတုန်း ချစ်ဆုံးလေး ဘာတွေအလိုမကြဖြစ်နေတာလည်း"

မောင်ကရောက်လာပြီး သန်းခေါင့်ကိုအနောက်ကနေသိုင်းဖက်ကာသန်းခေါင့်ဗိုက်လေးကိုပွတ်ရင်းမေးလာ၏။

"ဒီလင်မယားမကျ ဘာမကျပေါ့ ယူဆိုတော့လည်းမယူကြဘူး သူများယောကျာ်းမွေးနေ့မှာလာပြီးချစ်ကြည်နူးနေကြတယ် မဟော်ကလည်းအကြင်နာ့လို အသံကြားလန့်ဖြန့် မျက်နှာမြင်ထပြေးဆိုတဲ့ဆုနဲ့‌ပြည့်တဲ့ အာပြဲလန်မကိုဘာကြည့်ကြိုက်လည်းမသိဘူး အကြင်နာကလည်း မင်းမဟော်လို ကျီးကျွေးလို့ခွေးမစား နွားနင်းလို့ကားကျိတ် ရေနစ်လို့လောက်တက်တဲ့ရုပ်ကိုဘယ်နားကြည့်ကြိုက်လည်းမသိဘူး"

မတည့်အတူနေ(U&Z)Where stories live. Discover now