(14)

3.9K 93 0
                                        

သန်းခေါင်နှိုးလာတော့ တစ်ကိုယ်လုံးကကိုက်ခဲနေ၏။ ဟိုနေရာကပိုတောင်နာနေသေး၏။ ဘေးကိုကြည့်လိုက်တော့ ဟိုမသာက အင်္ကျီကျွတ်နဲ့ သူ့ဘေးမှာအိပ်နေ၏။ သူစဉ်းစားနေတုန်းမှာပဲ ကျက်သတုန်းကနိုးလာ၏

"သက်သာလား"

"မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ"

"မင်း မမှတ်မိဘူးလား မင်းပဲငါ့ကိုလုပ်ခိုင်းတာလေ"

"ငါလုပ်ခိုင်းတိုင်းလုပ်စရာလား အဲ့အချိန်တုန်းက ငါမူးနေတာလေ မင်းကအသိစိတ်ရှိပြီး ထိန်းပါလား"

"ဒီမှာသန်းခေါင် ငါလည်းယောကျာ်းလေးပဲ အသွေးသားဆန္ဒဆိုတာရှိသေးတယ်ကွ ငါ့ရှေ့မှာလာမြူဆွယ်နေတာကို မမြင်ချင်ယောင်ဆောင်ကလောက်တဲ့ထိ ငါသမာဓိအားမကောင်းဘူး"

"မင်း! အာ့"

သန်းခေါင် မိုးသောက်ကိုထိုးဖို့ထလိုက်ပေမယ့် အောက်ပိုင်းကမခံမရပ်နိုင်အောင်‌နာနေတာမို့ ဖင်ထိုင်ရက် ပြန်ကျသွား၏

"ရလားဟျောင့် ဘယ်နားနာသွားသေးလည်း"

"ဖယ် မင်းငါ့ကိုမထိနဲ့ ငါ့မျက်စိရှေ့ကထွက်သွား"

"အွန်း ခဏလေးဆန်ပြုတ် ပြုတ်ပေးခဲ့မယ် စောလွန်းကိုခဏနေရင် အကိုက်ခဲပျောက်ဆေးပေးခိုင်းလိုက်မယ် မင်းပြန်အိပ်နေလိုက်"

"မသောက်ဘူး"

သန်းခေါင်လည်း မိုးသောက်ကိုကျောပေးကာတစ်ဖက်ကိုလှည့်အိပ်နေလိုက်၏။

"အွန်း သောက်ချင်တဲ့အချိန်မှထသောက်လိုက် ငါကျောင်းသွားတော့မယ်"

"......"

မိုးသောက်လည်း သန်းခေါင့်အတွက်ဆန်ပြုတ်ပြုတ်ပေးပြီး ကျောင်းကိုထွက်လာခဲ့၏။ ကျောင်းကိုမလာခင် အမေ့အိမ်ကသားဖြစ်သူကိုပါ ဝင်ခေါ်ရ၏။

"ယံလင်း"

"ဗျာ ဖေဖေလင်း"

"ဒီညနေကျောင်းပြန်လွှတ်ရင် အိမ်ကိုတစ်ခါတည်းလိုက်ခဲ့နော် မင်းအဖေလေးက ငါ့ကိုစိတ်ဆိုးနေတယ်"

"ဘာလို့စိတ်ဆိုးနေတာလည်း"

"လျှာရှည်တာကွာ ဘာလို့ဆိုးဆိုးပေါ့ကွာ အိမ်ရောက်ရင် မင်းပါဝိုင်းချော့ပေး"

မတည့်အတူနေ(U&Z)Where stories live. Discover now