"ယံလင်းရေ ကျောင်းသွားမယ်ဟေ့ကောင်"
"ဖေလင်းကလည်း အစောကြီးရှိသေးတယ်"
"မင်းအဖေလဥကိုစော 8နာရီခွဲဖို့15မိနစ်လောက်ပဲလိုတော့တာ ဒူးမနာသားရဲ့"
"ဖေမှိုင်းရေ သားကိုဖေလင်းဆဲနေတယ်!!"
"ဟျောင့် မင်းငါ့ယောကျာ်းကိုဘာမှစစ်ကူခေါ်စရာမလိုဘူး ခုချက်ချင်းထ"
"မိုးသောက်လင်းတို့ငါ့ဝဋ်တွေလည်နေပြီ ဟင်းဟင်း"
သန်းခေါင့်ကိုအဖော်လာနေပေးတဲ့အမေကမိုးသောက်တို့သားအဖကိုကြည့်ပြီးပြော၏။ အမေပြောသလိုပါပဲ တကယ်လည်းအမေ့ဝဋ်တွေမိုးသောက်လည်နေပြီ။ အရင်ကအမေကမိုးသောက်ကိုနှိုးခဲ့သလိုခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံနဲ့ မိုးသောက် သားဖြစ်သူယံလင်းကိုနှိုးနေရ၏
"အမေရောက်လာပြီလား အမေ့သားမက်ကအနောက်မှာ"
"နင်ငါ့သားကိုထမင်းဟင်းတွေချက်ခိုင်းပြန်ပြီလားမိုးသောက်လင်း ဟိုကမပေါ့မပါးကြီးနဲ့ကို"
သားမက်နဲ့သားမှားနေတဲ့အမေပါ။ ထမင်းဟင်းချက်ခိုင်းစရာလား ကိုယ့်ဘာသာကိုယ်ချက်တာပေါ့။ မခိုင်းရက်ပါဘူးဗျာ အစကတော့ကြည့်မရပေမယ့် ခုကြည့်မရတာလေးကိုပဲအသဲစွဲနေတော့အခက်သားရယ်
"မဟုတ်ပါဘူးအမေရာ အမေ့သားကိုကျုပ်ဘာမှမခိုင်းပါဘူး အနောက်မှာမနက်စာစားနေတာ ကျုပ်ကယံလင်းကိုလာနှိုးတာ ဟေ့ကောင်ယံလင်းထစမ်း"
မိုးသောက်နဲ့အမေစကားပြောနေတုန်း ဒူးမနာသားကပြန်အိပ်နေ၏။ ကာလနဂါးရဲ့ဘိုးဘေတွေသေလို့ဝင်စားသလားမှတ်ရတယ်။ ညဘက်ဆိုရင်လည်း ထမင်းစားသောက်၊ကျောင်းကသင်တဲ့ဟာလေးတွေပြန်လေ့ကျင့်ပြီးရင် တန်းအိပ်တာ အပမှီနေသလားတောင်မှတ်ရတယ်
"ကိုကိုရေ!!!"
"သောကပါလား လာကွယ် မင်းအကိုနှစ်ယောက်ကတော့အလုပ်ရှုပ်နေကြတယ်"
သောကကအမေ့ကိုမြင်တော့
"အရီးလည်းရောက်နေတာလား အတော်ပဲ ကျွန်တော်ကကိုကိုတို့အတွက်မြို့ကပါလာတဲ့မုန့်တွေလာပို့တာ ရော့ ကိုလင်း"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...