စည်တော်နဲ့ ကြင်နာတို့လည်း ဟိုနှစ်ယောက်အိမ်ကိုထွက်လာခဲ့၏။
"စည်တော်ကြီး ငါတို့ခွေးဖြစ်ပြီ"
"ဘာလို့လည်း"
"သူတို့အိမ်မှငါတို့မသိတာ"
"နင်ကလည်း ပါးစပ်ပါရွာရောက်ပါတယ်ဟ ငါ့နောက်လိုက်ခဲ့"
"အေးအေး လမ်းမသိရင်ခွေးနောက်လိုက်တဲ့ လိုက်မယ်သွား"
"မသာမ"
"ဟဲ့ကိုယ့်ကိုကိုယ်ကျောင်းဆရာဆိုတာလည်းသတိရအုန်း လျှောက်ဆဲမနေနဲ့"
"သိတယ် သွားမယ်"
မေဟာ်နဲ့သာထက်လည်း သန်းခေါင်တို့ကိစ္စပြီးလို့အရီးခင်တို့အိမ်ကပြန်အလာ လမ်းလည်းခေါင်မှာ ပွစိပွစိဖြစ်နေတဲ့ ဆရာလေးနဲ့ဆရမလေးကိုတွေ့တာကြောင့် သွားလိုက်၏။
"ဘာဖြစ်နေကြတာတုန်းဗျ"
"ဟယ် သူကြီးနဲ့ကိုမဟော်ပဲ အတော်ပဲရှင် ကျွန်မတို့ကိုတစ်ခုလောက်ကူညီပါလား"
"ဘာများလည်းဗျ"
"ဒီလိုပါသူကြီးရယ် ကိုသန်းခေါင်မှိုင်းတို့အိမ်ကိုလိုက်ပြပါလား"
"ဘာလုပ်ဖို့လည်းဗျ"
သာထက်ကမေးလိုက်တာကြောင့် စည်တော်က
"သူကြီးဖြစ်ပြီးစပ်စုရလား ဘာလုပ်လုပ်ပေါ့"
"ဟဲ့ စည်တော်ကြီး အဲ့တာသူကြီးနော်"
"ရပါတယ် ဆရာမလေးရယ် ဆရာလေးပြောတတ်သလိုပြောပါစေ ကျုပ်စိတ်မဆိုးပါဘူး ကိုယ့်ရွာကိုစာလာသင်ပေးတဲ့သူကိုစိတ်ဆိုးစရာလား"
"ဒါနဲ့ သူကြီးမှာရည်ရွယ်ထားသူရှိလားရှင့်"
"မရှိပါဘူးဗျာ ဘာဖြစ်လို့လည်း"
"ကျုပ်သူငယ်ချင်းကလူရိုးလူအေးကြီးဗျ ဒီကောင်ကဘယ်မိန်းခလေးကိုမှမကြိုက်ဘူး ရွာထဲမှာဆိုရင် သူကြီးကတော်ဖြစ်ချင်နေတဲ့အပျိုတွေများဝိုင်းလို့ ရွာတောင်ပိုင်းကဆန်စက်ပိုင်ရှင်ဦးဆံဖြူရဲ့ သမီးချစ်ချစ်ဖြူဆို သူကြီးကိုအသေရရအရှင်ရရကြိုက်နေတာလေ"
"ခင်များကစွံတာပေါ့"
"ကျုပ်ကသူတို့ကိုစိတ်မဝင်စားပါဘူးဗျာ ကျုပ်ချစ်ရတဲ့သူကိုခုမှတွေ့တုန်းရယ်"
YOU ARE READING
မတည့်အတူနေ(U&Z)
Фанфикшнမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
