(11)

4.1K 109 4
                                        

အမေပေးလိုက်တဲ့နာမည်ကြောင့် သန်းခေါင်မှာပြုံးပျော်နေသလောက် မပျော်နိုင်သူက မိုးသောက်ပင်။ သူ့နာမည်ကိုရှေ့မှာထားသင့်တာကို။ မိုးသောက်ယံမှိုင်းဆို ဘယ်လောက်လှလည်းစဉ်းစားကြည့်။ ခုတော့သန်းခေါင်ယံလင်းတဲ့ စိတ်ညစ်တယ်။

"ဒါဆို သားသားနာမည်က သန်းခေါင်ယံလင်းပေါ့နော်"

"ဒါပေါ့ မြေးလေးကြိုက်လား"

"ကြိုက်တာပေါ့ဖွားဖွားကြီးရဲ့"

မိုးသောက်လည်း အမေကိုနည်းနည်းတော့ ကြည့်မရတော့ပေ။

"အမေ"

"ဘာလည်း"

"အမေပြောတော့ အခြောက်ကောင်ကို သားမတော်နိုင်ဘူးဆို အမေပြန်တော့လေ သားအိမ်မှာနေ နေရင် အမေကြည့်မရတဲ့ သားကိုမြင်နေရအုန်းမယ်"

"စေတနာကိုစော်ကားပြန်ပြီ မသာလေး နင့်ဆီလာတာမဟုတ်ဘူး ငါ့မြေးနဲ့ မောင်သန်းခေါင့်ဆီလာတာဟေ ဘာဖြစ်လည်း"

"သားက ကျုပ်ရဲ့သား သန်းခေါင်က ကျုပ်ရဲ့ အဲ ဟိုဟာ အဲ့တော့ အမေပြန်တော့"

'ဂွပ်'

"အာ့ အမေ ဘာလို့ခေါက်တာလည်း"

"ငါလျှော့ထားတဲ့စိတ်ကို ပြန်တိုအောင်မလုပ်နဲ့နော် တောင်းဆိုး ပလုံးဆိုးကိုပစ်ရိုးထုံးစံပဲရှိမယ် သားဆိုးသမီးဆိုးပစ်ရိုးထုံးစံမရှိဘူးဟဲ့"

"အမေ ဒါဆိုသားနဲ့မမကိုစိတ်မဆိုးတော့ဘူးပေါ့နော်"

"အေး"

"အမေ ဒါနဲ့လေ မမကဟို ဦးစိန်ချိုနဲ့ ဒေါ်နန်းငွေခင်တို့ရဲ့ သမီး နန်းပီတိချိုနဲ့ခိုးရာလိုက်သွားတာ"

"ဘာ! အမလေး ငါရှင်ချင်တယ်ငါရှင်ချင်တယ် သားမွေးပြီးသားမက်ရ သမီးမွေးပြီးချွေးမရနေပါပကောလား"

"အမေရယ် ဘာမှထွေထွေ‌ထူးထူးပြောင်းလဲသွားတာမှမဟုတ်တာ အမေမွေးတုန်းကလည်း သားတစ်ယောက်သမီးတစ်ယောက် ဪ ခုကြည့် သားမက်တစ်ယောက်ချွေးမတစ်ယောက် သူ့ဟာနဲ့သူအဆင်ပြေနေတာပဲဟာကို"

"ထားပါတော့ နင်တို့ကဘယ်လိုငွေတိုးပေးစားမှာတုန်း"

"ရွာထဲမှာ 20တိုးလောက်နဲ့ လိုက်ဖြန့်ထားမလားလို့"

မတည့်အတူနေ(U&Z)Where stories live. Discover now