3လခန့်ကြာပြီးနောက်
"စောလွန်းရေ အကြွေးသွားတောင်းမယ်ဟေ့ စောခမ်း ဒီညတော့ အဆင်ပြေသလိုသာချက်လိုက်တော့ ကိုကြီးကအပြန်ထန်းရည်သောက်မှာမို့ မစားဖြစ်လောက်တော့ဘူး နင့်အကိုလင်းနဲ့ ယံလင်းရယ် နင်တို့မောင်နှမအတွက်ရယ်ပဲချက်လိုက်နော်"
"ဟုတ်ကဲ့ကိုကြီးမှိုင်း"
စောခမ်းကိုမှာစရာရှိတာမှာပြီး သူတို့လည်းအကြွေးထွက်လာခဲ့တော့၏။ တောင်းရမယ့်အိမ်က ဟိုတစ်ခါကဒေါ်ပြုံးအိမ်
"ဒေါ်ပြုံး ကျုပ်အကြွေးလာတောင်းတာ အတိုးအရင်ပေးမလား အတိုးကောအရင်းကောပေးမှာလား"
"အတိုးအရင်ယူထားလိုက်ပါအုန်းကွယ် ရော့ရော့ပိုက်ဆံ"
စောလွန်းက ဒေါ်ပြုံးပေးတဲ့ပိုက်ဆံကိုယူပြီး ရေကာ
"ပြည့်တယ် ကိုကြီးမှိုင်း"
"အေး ဒါဆိုနောက်တစ်အိမ်လစ်မယ်"
"ဟုတ်"
ဒီတစ်ခါတော့ ဒေါ်ပြုံးစာတတ်သွားလေပေသည်။ ချက်ချင်းကိုပိုက်ဆံထုတ်ပေးတော့တာပဲ။ မပေးလို့လည်းမရဘူးလေ သန်းခေါင်မှိုင်းကိုဘာမှတ်နေလို့လည်း မရ ရတာယူမှာပေါ့ ကိုယ့်ပိုက်ဆံကို အဆုံးခံစရာလား
"ဒီတစ်ခါဘယ်သူ့အိမ်လည်း"
"သူကြီးအိမ်ပါ"
"အေး အဲ့ကောင်ထန်းရည်ဖိုးမပါလို့ဆိုပြီး ငါ့ဆီကချေးသွားတဲ့1000သွားတောင်းရမယ်"
သူတို့သူကြီးခြံထဲဝင်လိုက်သည်နဲ့ မြင်မကောင်းရှုမကောင်း အဖြစ်သည်းနေတဲ့ လင်လင်တွေ။ ဆရာစည်တော်က ဒီကနေ့ နေမကောင်းတာကြောင့် ကျောင်းကိုမသွားဘူးလို့ခွင့်တိုင်ထားတယ်တဲ့ အဲ့တာကြောင့်ဒီအချိန်သူကြီးနဲ့ပလူပလဲ ဒူးကွဲနေခြင်းပင်။ ကျောင်းဆိုမှ ဟို mouse manကိုတောင်သတိရလာပြီ။ အဲ့ကောင်ကလူကောင်ကြီးနဲ့မှမလိုက် ဘာမှတဲ့ကြွက်လေးကိုအသေကြောက်နေတာ သူ့ကြည့်တော့ကြာသပတေးသား ကြွက်အချင်းချင်းကြောက်နေသေးတယ်
"ဟျောင့်သူကြီး အကြွေးပေး"
"ဟမ် ဘာအကြွေးလည်း သတောင်းစားရဲ့"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...