(23)

412 17 0
                                    

မှိုင်း ညကအိမ်မက်တွေမကောင်းပေ။ ဟိုကျက်သတုန်းကို လူတစ်စုကဓားနဲ့ဝိုင်းထိုးနေကြတာတဲ့။ အမေ့ကိုပြောပြမယ်ကြံ‌ေတာ့လည်း အမေကသူ့သားကိုစိတ်ပူနေမှာဆိုးလို့မပြောဖြစ်တော့ပေ။ သော်တာနဲ့ ပီတိချိုတို့ကလည်း အိမ်ခွဲနေ နေတာမို့ တိုင်ပင်၍မရပေ။ စည်တော်နဲ့ သူကြီးမသာကလည်း စည်တော့်မိဘတွေနဲ့လက်ထပ်ဖို့ ကိစ္စသွားတိုင်ပင်ကြတာမို့ မရှိကြပေ။ မင်းမဟော်ဆိုတဲ့ မြေဩဇာကောင်ကိုပြောပြန်ရင်လည်း အကြင်နာ့နားထဲပြန်ရောက်မှာ အကြင်နာကတစ်ဆင့်အမေကြားပြန်ရင်လည်း ဘာမဟုတ်တဲ့အိမ်မက်တစ်ခုကြောင့်စိတ်ပူနေအုန်းမယ်။ အကောင်းဆုံးကတော့ စောခမ်းတို့မောင်နှမနဲ့ ယံလင်းကိုပြောပြတာအကောင်းတကာ့အကောင်းဆုံးပဲ

"မှိုင်းကလေး ဘာဖြစ်လို့လည်း ဗိုက်နာလို့လား"

"မဟုတ်ပါဘူးအမေရယ် ဒါနဲ့အမေဘယ်သွားမို့လည်း"

"သီတာရွာက အမေ့ညီမ သော်တာတို့အဒေါ်နေမကောင်းလို့ သတင်းလေးဘာလေးသွားမေးမို့ပါကွယ် ဒီညအမေအိမ်ပြန်မလာတော့ဘူးနော် ဟိုဘက်ရွာမှာပဲအိပ်ဖြစ်မယ်ကွယ်"

"ဟုတ်ကဲ့ပါအမေရဲ့ စိတ်ချလက်ချသာသွား"

"အေးအေး ဒါဆိုအမေသွားပြီနော်"

အမေထွက်သွားတော့မှ စောလွန်းတို့စောခမ်းတို့ဆီသွားကာ ညကအိမ်မက်အကြောင်းဖောက်သည်ချရတော့၏

"ဟိုမောင်နှမ အားကြရဲ့လား"

"အားပါ့တော် ကိုကြီးမှိုင်းဘာပြောမလို့တုန်းတော့်"

"ယံလင်းနဲ့စောလွန်းရော အခမ်း"

"ဆရာတော်ကျောင်းမှာ မာလကာသီးတွေအများကြီးသီးလို့ ဆရာတော်ကသူတို့ကိုခေါ်ကျွေးလေရဲ့"

"ဪ မာလကာသီးဆိုမှ သတိတောင်ရချင်သွားပြီ"

"ဘာကိုလည်းဟင်"

"ညည်းနှယ်စပ်စုလိုက်တာ ငါပြောစရာရှိလို့"

"ကိုမှိုင်းရေ....."

"တော်ပြီ နောက်မှပြောတော့မယ်"

"ဟုတ်ဟုတ်"

"ကိုမှိုင်းဘာလုပ်နေတာတုန်း"

"ဒီတိုင်းပါပဲ ဟိုတွေးဒီတွေးပေါ့ဟာ"

မတည့်အတူနေ(U&Z)Where stories live. Discover now