(17)

221 13 1
                                    

ကျောင်းးဆင်းတော့ မိုးသောက်တို့ စကားတပြောပြောနဲ့ ပြန်လာခဲ့ကြ၏

"မိုးသောက် မင်းနဲ့ ကိုသန်းခေါင်တို့ အဆင်ပြေကြလား"

"မပြေပါဘူးကွာ ငါ့ကို စိတ်ကောက်ပြီး သူ့အဘအိမ်ကို ဆင်းသွားလေရဲ့ "

"ဘယ်လိုဖြစ်ကြတာတုန်းဟယ်"

"ငါသူ့ကိုတက်လုပ်လိုက်လို့"

"အိစ် ပထမဆုံးကိုသွားကြမ်းလိုက်လို့နေမှာပေါ့"

"သူလုပ်ခိုင်းလို့လည်း လုပ်ပေးရသေးတယ်"

"နင်တို့အတွက်အဆင့်တက်သွားလို့ဝမ်းသာပေမယ့် ငါ့အတွက်ငါဝမ်းနည်းတယ်"

အကြင်နာက အငိုမျက်လုံးအပြုံးမျက်နှာကြီးနဲ့ပြောရှာ၏

"ဘာလို့လည်းဟာ"

"ဒီကောင်မ roleခွဲမှားသွားလို့နေမှာပေါ့" ဟု စည်တော်ကဝင်ပြောသည်

"နင်ဟာ နင်မို့လို့ ငါ့ကိုအောက်ပို့ရက်တယ် ယှဉ်ကြည့်လေဟာ"

"အေးဟေ ယှဉ်ကြည့်တာပဲ နင့်ကိုဘယ်လိုမှကိုအပေါ်ကိုပို့လို့မရတာ အရပ်ဆိုလည်း နင်ကသူ့ထက်မဆိုသလောက်လေးပုတယ် ပြီးတော့ကိုကြီးသန်းခေါင်က ပေါင်မုန့်တွေနဲ့ နင်ကသေးသေးလေး"

"ငါ့မှာလည်း ပေါင်မုန့်8ခုတောင်ရှိတယ် ဘာသေးသေးလေးလည်း နင်မမြင်တဲ့အပိုင်းကကြီးတယ်"

"ဟဲ့ ဟဲ့ ဘာကြီးတာလည်း"

"အား အားပြောတာ အား ခွန်အားဗလ"

"ဪ သိမှသိပဲကို"

"ဆရာမလေး"

မဟော်က အကြင်နာ့ကိုလာ‌ေချာ့ပုံရ၏။ မူနေတဲ့သူနဲ့ ဖွင့်မပြောတဲ့သူနဲ့ကို ပွင့်ထွက်လာအောင်လုပ်ဖို့အတွက် မိုးသောက်တို့ကရှောင်ပေးသင့်တယ်လေ

"စည်တော် ငါတို့အရင်ပြန်နှင့်ကြမယ် လာလာ"

"အေးအေး ငါတို့ပြန်နှင့်ပြီမိအကြင်နာ"

"ကိုမင်းမဟော်ပြန်ပါအုန်းမယ်ဗျ"

"ဟုတ်ကဲ့ သူကြီးကတော်လေးနဲ့ ဆရာလေး"

မဟော်ရဲ့ စကားကြောင့် အသားဖြူတဲ့စည်တော့်ရဲ့နားရွက်ဖျားတွေနဲ့ ပါးပြင်နုနုကပန်းရောင်သန်းနေ၏။ သူတို့ကဘာဆိုတာကိုမဟော်လည်းသိနေတာလား သိရင်လည်းသိမှာပေါ့ သူတို့ကသူငယ်ချင်းအရင်းကြီးတွေပဲကို

မတည့်အတူနေ(U&Z)Where stories live. Discover now