(7)

4.7K 146 3
                                        

မိုးသောက်တို့အိမ်တွင် သူကြီးရော နှစ်ဖက်လူကြီးမိဘတွေလည်းရောက်နေကြ၏။

"အရီးခင်ကဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ"

"ဘယ်လိုမှမလုပ်ဘူး သူ့လိုအခြောက်မျိုးကိုလည်းသားအဖြစ်အသိအမှတ်မပြုနိုင်တော့ဘူး နင်ပြီးရင်ငါ့အိမ်ပေါ်ကဆင်းမမိုးသောက်လင်း နင့်လိုအခြောက်မျိုးကိုသားမတော်နိုင်ဘူး"

"အမေ သားဘာမှမသိဘူး သား သားနိုးလာတော့ သန်းခေါင်မှိုင်းကသားကိုဖက်ထားတာပဲသိတယ် ကျန်တာသားမမှတ်မိဘူးအမေ"

သန်းခေါင်လည်း သူစနောက်လိုက်တာဟာ ဒီလောက်ထိဖြစ်မယ် မထင်ထားတာကြောင့် မိုးသောက်လင်းအပေါ်အားနာမိ၏။ ဒါကြောင့်လည်းအမှန်တိုင်းပြောပြမည်ဟုဆုံးဖြတ်လိုက်၏

"မိုးသောက်လင်းပြောတာဟုတ်ပါတယ်အရီး ကျူပ်နဲ့ သူနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ကျုပ်ကသူ့ကိုစနေတဲ့အချိန်အရီးရောက်လာပြီး တစ်မျိုးထင်သွားတာပါ"

"နင်ဘာမှဝင်မပြောနဲ့ မိုးသောက်လင်း နင်ကိုယ့်အထုတ်ကိုယ်ဆွဲ ကိုယ့်လင်ကိုခေါ်ပြီး ခုငါ့အိမ်ပေါ်ကဆင်း!"

"ဆင်းမယ်ဗျာ ဆင်းမယ်"

"ကြွကြွ နင့်လိုကောင်မျိုးငါ့အိမ်မှာမရှိလေကောင်းလေပဲ ဘယ့်နှယ်ယောကျာ်းချင်းချင်းကြိုက်ရတယ်လို့"

သာထက်က

"အဲ့လိုမပြောပါနဲ့အရီးရယ် ယောကျာ်းလေးချင်းချစ်လည်း အချစ်ကအချစ်ပဲ မိန်းခလေးနဲ့‌ေယာကျာ်း‌ေလးကြိုက်လည်း အချစ်ကအချစ်ပဲ အချစ်ဆိုတာစေခိုင်းလို့မှမရတာ ငါဒီလူ့ကိုပဲချစ်ရမယ် ငါဒီလူ့ကိုတော့မချစ်ရဘူးလို့ခိုင်းစေလို့မှမရတာ သူတို့ဖူးစာကိုက ဒီလိုဖြစ်မယ်လို့ကြိုရေးထားလို့နေမှာပါဗျာ စိတ်လျှော့ပါ မိုးသောက်ကလည်း အရီးရဲ့သားအရင်းခေါက်ခေါက်ကြီးပါ"

"ကျုပ်ကိုတရားလာချမနေနဲ့သူကြီး စီစဉ်စရာရှိတာစီစဉ်ပေးပြီးရင် ထွက်သွားခိုင်းလိုက်တော့"

"သားနောက်ဆုံးအနေနဲ့အမေ့ကို ကန်တော့ခဲ့ပါရစေ"

မိုးသောက်အမေ့ကို ကန်တော့ပေမယ့် အမေကတစ်ချက်လှည့်မကြည့်ခဲ့။ အမေတကယ်ကိုစိတ်ပျက်သွားပြီထင်ပါတယ်။

မတည့်အတူနေ(U&Z)Where stories live. Discover now