"ဖိုးညီရေ ဖိုးညီ"
"ကိုကြီးလင်း ညကြီးမိုးချုပ်ဘာကိစ္စလည်းဗျ"
"မင်း ငါ့အမကိုတွေ့မိသေးလား"
"ဆရာမလေးလား ကျုပ်တို့မတွေ့မိဘူးဗျ ဆရာမလေးဘာဖြစ်လို့တုန်း"
"ခိုးရာလိုက်သွားလို့ဟေ အဲ့တာအမေကငါ့ကိုအရှာလွှတ်လိုက်လို့"
"တွေ့ပလား ကိုကြီးလင်း"
"မတွေ့သေးလို့ပေါ့ကွ တွေ့မှတော့မင်းကိုမေးပါ့မလား"
"ဒါဆိုကျုပ်တို့ဝိုင်းရှာပေးရမှာလား"
"မဟုတ်ပါဘူးကွာ ငါ့အမကိစ္စကအရေးမကြီးပါဘူး ငါဒီညဒီမှာအိပ်မယ်ကွာ ရလား"
"ရတာပေါ့ ခဏနေအုန်း ကျုပ်အဘကိုပြောလိုက်အုန်းမယ်"
ဖိုးညီနဲ့ ဖိုးစီက ကိုဖိုးတီကဲ့သားအမွှာတွေပင်။ ခုကိုဖိုးတီရဲ့မိန်းမမှာ နောက်ထပ်ကိုယ်လေးလက်ဝန်ကြီးနဲ့။
"မိုးသောက်ရောက်နေတာလားကွ ခဏထိုင်အုန်းနော့် ငါဒီမှာသန်းခေါင်နဲ့လယ်ကိစ္စတွေပြောနေလို့ကွ"
"ဟုတ် ရပါတယ်ကိုဖိုးတီရာ အေးဆေးလုပ်"
စိတ်ညစ်လို့ကိုဖိုးတီအိမ်လာပါတယ်ဆိုမှ အကုသိုလ်အမှောင်ကောင်နဲ့လာတိုးနေရတယ်လို့။ ဒီကောင်ကကြီးကြီးကျယ်ကျယ် လယ်တွေဘာတွေလုပ်လို့။ ကြည့်ရတာမိန်းမများယူတော့မလို့လား။ သူမိန်းမယူသွားလည်းကောင်းတာပဲ ရွာထဲကအပျိုတွေကိုမိုးသောက်တစ်ယောက်ထဲ ငမ်းရတာပေါ့။ ဒါပေမယ့်လည်းတစ်ခုတော့မကောင်းဘူး သူမိန်းမယူသွားရင် ဘယ်သူကမိုးသောက်နဲ့ရန်ဖြစ်ပေးမှာလည်း။ သူမိန်းမယူလို့မရဘူး။ ရွာထဲကအပျိုတွေကိုများတော့တစ်ယောက်တစ်ဝက်ခွဲငမ်းလို့ရတယ်။ မိုးသောက်နဲ့ရန်ဖြစ်ပေးမယ့်သူဆိုလို့ အမှောင်ကောင်တစ်ယောက်ထဲရှိတာရယ်။
"ကိုကြီးလင်း ဒီမှာခေါင်းအုန်းနဲ့စောင် ဒီမှာကခြင်ဆေး"
မိုးသောက်လည်း ဖိုးစီယူလာပေးတဲ့ ခေါင်းအုန်းတွေစောင်တွေကိုလက်လွဲယူလိုက်၏။ မိုးတွေကလည်းတသောသောရွာနေ၏။
"မိုးကောင်းအုန်းမယ်ထင်တယ် သန်းခေါင်ရေ မင်းဒီမှာပဲအိပ်လိုက်ပါ့လား"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfikceမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...