(10)

4.4K 112 1
                                        

သာထက်တစ်ယောက်မနေ့ကအလုပ်ကိစ္စနဲ့ဟိုမှာညအိပ်လိုက်ရ၏။ မနက်စောစောမှရွာကိုပြန်ရောက်တာပင်။

"ဟျောင့်သူကြီးရေ သူကြီး"

"ငါရှိတယ် ဝင်ခဲ့"

"ကိစ္စရှိလို့ကွ ဒါနဲ့မင်းညကဘယ်ချိန်ပြန်ရောက်တာတုန်း"

"ခုနကမှပြန်ရောက်တာပါကွာ ညကဟိုမှာညအိပ်လိုက်ရတယ် ရွာလမ်းခင်းဖို့ကိစ္စနဲ့ စာသင်ကျောင်းပြင်ဆောက်ဖို့အလှူရှင်တွေပါကွာ သူတို့နဲ့စကားပြောရင်းနောက်ကျသွားတာနဲ့ပဲ အဲ့မှာညအိပ်လိုက်တာ ဒါနဲ့မင်းကစောစောစီးစီးဘာကိစ္စလဲ"

"အေး ကိစ္စကတော့4ခုရှိတယ် တစ်ခုက ငါတို့မြို့ကကလေးတစ်ယောက်ခေါ်မွေးစားထားတယ် နောက်တစ်ခုကမိုးသောက်လင်းက ရွာကျောင်းမှာကျောင်းဆရာဝင်လုပ်မလို့တဲ့ နောက်တစ်ခုက ငါတို့အိမ်ရှေ့မှာဈေးဆိုင်ဖွင့်ချင်လို့ ပြီးတော့ ငါရွာထဲမှာငွေးတိုးချေးစားမို့"

"အေးအေး ငါအဆင်ပြေအောင်လုပ်ပေးမယ် မိုးသောက်လည်း ကျောင်းမှာစာသက်မယ်ဆိုရင် ဒီနေ့တစ်ခါတည်းဝင်သင်လိုက်ပေါ့ ငါကျောင်းအုပ်ကိုပြောလိုက်မယ် ငွေချေးစားတာကတော့ မင်းအကြွေးထူတဲ့အေးကြူတို့ အပြောကောင်းတဲ့မချောတို့ကိုတော့ရှောင်နော် သူတို့ကိုသာချေးလိုက်ရင် ပြန်ရဖို့လမ်းမြင်ဘူး"

"အေးပါကွာ ငါပြန်အုန်းမယ် အိမ်မှာ‌သားသားကိုရေချိုးပေးရအုန်းမယ် ပြီးရင်ဆိုင်ဆောက်ဖို့လူသွားငှားရအုန်းမယ်"

"အေး ပစ္စည်းတွေရောဝယ်ပြီးပြီလား"

"ဒီနေ့မြို့ဈေးတစ်ခေါက်ထပ်တက်ရမှာပေါ့ကွာ"

"အေးပါကွာ"

"ငါပြန်ပြီဟေ့ကောင်"

~~~~~~~~~~

သန်း‌ခေါင်ပြန်ရောက်တော့ သားသားကိုမိုးသောက်ကရေချိုးပေးပြီးပြီပင်။ သနပ်ခါးလေးလိမ်းပြီး ကြက်တောင်စီးလေးတောင် စီးထားပေးသေး၏။

"ဖေဖေမှိုင်း ပြန်လာပြီလား"

"ပြန်လာပါပြီဗျ"

"ဒီမှာဖေဖေလင်းက တားကိုမွှေးမွှေးလိမ်းပေးပြီး လှလှစီးပေးထားတာ"

မတည့်အတူနေ(U&Z)Where stories live. Discover now