ဟယ်လို.....မယ်ရီပါ ။
မယ်ရီ့ရဲ့ပထမဆုံးဖန်တီးမှုလေးမှရီဒါများအားလုံးကို
နွေးထွေးစွာကြိုဆိုပါတယ်ရှင်။စာဖတ်သူအဖြစ်ကနေ
စာရေးသူအဖြစ်ပထမဆုံးခြေလှမ်းလေးဖြစ်တာကြောင့်
အရေးအသားပိုင်းလိုအပ်ချက်လေးများရှိခဲ့သော်မယ်ရီ့ရဲ့အားနည်းမှုလို့မှတ်ယူပြီးမေတ္တာများဖြင့်နားလည်ပေးကြပါနော်။ဒီဇာတ်လမ်းလေးကိုစရေးဖို့စိတ်ကူးရခဲ့ပုံလေးကတော့
မယ်ရီအရမ်းသဘောကျရတဲ့ Indila ရဲ့ Love Story ဆိုတဲ့သီချင်းလေးနားထောင်ရင်းကနေပါ။ အဲ့သီချင်းလေးနားထောင်ချိန်တိုင်းကောင်လေးနှစ်ယောက်ရဲ့စိတ်ကူးယဥ်ဆန်ပြီးလှပတဲ့အချစ်ဇာတ်လမ်းလေးကိုအတွေးထဲမှာအမြဲပုံဖော်နေမိခဲ့ပါတယ်။အခုကတော့အတွေးထဲသိမ်းထားရုံနဲ့မလုံလောက်တော့လို့ဇာတ်ကောင်လေးတွေအဖြစ်ဖန်တီးဖို့ဖြစ်လာပါတော့တယ် ။ဇာတ်လမ်းလေးကတော့ဝိညာဥ်ကြီးနဲ့လူသားကောင်လေးတို့ကြားမှပေါက်ဖွားလာမယ့်ချစ်ခြင်းမေတ္တာအကြောင်းလေးပါပဲရှင်။အယ်....ပေါက်ဖွားလာတယ်ဆိုတာထက်ပေါက်ဖွားနှင့်ပြီးသားဆိုပိုမှန်တာပေါ့နော်။ ချစ်ရသူကိုနှစ်တွေအများကြီးတိုင်အောင်စောင့်မျှော်နေခဲ့သူဝိညာဥ်ကြီးနဲ့ချစ်ရသူအတွက်ပြန်လည်မွေးဖွားလာမယ့်ကောင်ငယ်လေးတို့ဟာချစ်ခြင်းမေတ္တာစတင်ပေါက်ဖွားခဲ့တဲ့အတိတ်ဘဝလေးမှာဘာတွေများဖြစ်ခဲ့ကြပါသလိမ့်။
မယ်ရီကိုယ်တိုင်ကGreen Flag လေးဖြစ်သလိုမယ်ရီဖန်တီးမယ့်ကောင်လေးတွေကိုလည်းသစ်တောအုပ်လေးတွေပဲဖန်တီးဖြစ်မှာမို့ဒီဇာတ်လမ်းလေးကိုအတတ်နိုင်ဆုံးအေးအေးငြိမ့်ငြိမ့်နွေးနွေးထွေးထွေးလေးပဲပုံဖော်ဖြစ်မှာပါ။ စပွိုင်းတာ
မကြိုက်သူမို့မိတ်ဆက်စာလေးထဲမှာဘာကဘယ်လိုဖြစ်မှာဆိုပြီးကြိုမပြောပါဘူးနော်၊ကိုယ်တိုင်ဖတ်ကြည့်ကြပါ ><ကြည်နူးရမယ်၊ငိုရမယ်၊ရယ်ရမယ်၊အယ်...လောင်စရာအနည်းငယ်လေးတွေလည်းခံစားကြရမယ်။ ချစ်စရာSide Couple လေးတွေလည်းပါလာဖို့ရှိပါတယ်။
စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်တာကြောင့်လက်တွေ့ဘဝနဲ့
နှိုင်းယှဥ်ကြည့်သော်အဓိပ္ပါယ်မရှိတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
YOU ARE READING
Sunshine Of My Life [ Ongoing ]