Chapter - 11

550 15 6
                                    

" မင်းခရက်ရှ်ကြီးငြင်းလိုက်ပြန်ပြီလား "

" အေး "

" ဟားဟား သနားလိုက်တာ "

ဈာန်သုတကြေကွဲခန်းကိုထိုင်ကြည့်ကာအမွှာညီနှစ်ယောက်နှင့်ဟန်ဂျူဂျူကိုကထိုင်ရယ်နေကြသည်။
သူတို့ညီအစ်ကိုသုံးယောက်လုံးဟန်ဂျူဂျူကို့အိမ်ဆီ
ကျောင်းစာများကူးပေးရန်ရောက်လာခြင်းဖြစ်သည်။
သို့သော်ကျောင်းစာများကူးပေးရန်ဆိုသည်မှာနာမည်ခံသက်သက်သာ။ရောက်လာကတည်းက
ပါလာသည့်မုန့်များဝိုင်းဖွဲ့စားနေကြရင်းဟိုဟိုဒီဒီရောက်တမ်းရောက်ရာထိုင်ပြောနေဖြစ်ကြကာအခုတစ်ခါဈာန်သုတ၏ခရက်ရှ်ငြင်းခံရသည့်အကြောင်းသို့ဦးတည်လာသည်။

" အလကားကောင်တွေ၊ရယ်မနေနဲ့၊ရင်ထဲပန်းပွင့်နေတာမဟုတ်ဘူး "

" ဒါဆိုဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့မိုင်လိုသောက်ကြရအောင် "

" မင်းကလည်းကိုကာကိုလာလောက်တော့လုပ်စမ်းပါ "

" ကိုကာကိုလာကကျန်းမာရေးထိခိုက်တယ်ကွ၊
မိုင်လိုကအားလည်းရှိကျန်းမာရေးလည်းကောင်း၊မိုင်လိုပဲသောက် "

" သူငယ်နာကမစင်သေးဘူး၊အရွယ်ကကြီးပြီးတော့ကိုကာကိုလာဆိုကိုကာကိုလာပေါ့ "

" ကိုကာကိုလာကနေကိုကိုလာပြီးလင်ရကုန်မယ်
ဟေ့ကောင် "

" ဒီချီးထုပ်ပါးစပ်ကတော့! "

" သောက်ကလေးတွေပါးစပ်ကိုပိတ်ထားလိုက်တော့ "

နှိုင်းသုတနှင့်ဟန်သုတ၏တကျက်ကျက်အသံကြားတော့နှလုံးသားလေးဒဏ်ရာရနေသည့်ဈာန်သုတမှ
မသာမယာမျက်နှာဖြင့်ထဟောက်သည်။ မျက်နှာတွေသာဆင်တူကြသည်။အကျင့်စရိုက်တစ်ယောက်တစ်မျိုးစီနှင့်သူတို့သုံးဦးကဘယ်နေရာရောက်ရောက်တကျက်ကျက် ။

"​ နေပါဦး၊မင်းတို့သုံးကောင်ကငါ့ကိုစာကူးပေးဖို့လာတာလား၊နားငြီးဖို့လာတာလား "

" နားငြီးဖို့လာတာသိသိကြီးကိုမေးနေသေးတယ် "

ဟန်သုတကပန်းကန်ထဲမှမုန့်ချိုတစ်ခုကိုနှိုက်စားရင်း
လှမ်းဖြေသည်။ဟန်ဂျူဂျူကို ကကုတင်ပေါ်တွင်
လက်ပိုက်၍ထိုင်နေကာဟန်သုတကမုန့်ပန်းကန်နားတွင်အသေချာနေရာယူထားသည်။နှိုင်းသုတကဖုန်းဆော့နေပြီးဈာန်သုတတစ်ယောက်တည်းသာ
လင်းတမှိုင်မှိုင်နေကာခရက်ရှ်ပူမိပြီးမရယ်နိုင်မပြုံးနိုင်။စာကူးပေးမည်ဆိုကာယူလာသည့်စာအုပ်များမှာတော့သူတို့နှင့်ဟိုးအဝေးတစ်ဖက်ထောင့်တွင်အထီးကျန်ဆန်လျက်......။

Sunshine Of My Life [ Ongoing ] Where stories live. Discover now