Chapter - 15

463 14 0
                                    

အိပ်မက်မှနိုးထလာတော့တစ်ကိုယ်လုံးချွေးတွေရွှဲစို၍နေပြီးစည်းချက်မမှန်သည့်နှလုံးခုန်သံများက
အသက်ရှူသံကိုပါကတောက်ကဆဖြစ်စေသည်။
သူအယောင်ယောင်အနနဖြင့်နားထင်နေရာကိုပင်
ပြန်ဖိထားမိသည်။ အိပ်မက်ထဲကရူးလောက်တဲ့နာကျင်မှုကအပြင်လက်တွေ့ကိုပါသက်ရောက်နေသည့်အလား။ နာရီကိုလှမ်းကြည့်လိုက်တော့ညရှစ်နာရီပင်ထိုးချေပြီ။ ညနေစောင်းမှစအိပ်လိုက်သည်မှာမိုးပင်ချုပ်သွားခဲ့ပြီ။

" ရေသောက်လိုက် "

သူ့ရှေ့သို့ရေအေးလေးတစ်ခွက်လာကမ်းပေးတော့
အမြန်ကမ်းယူကာကုန်သည်အထိမော့ချလိုက်သည်။
ကိုယ့်ဟာကိုယ်အိပ်မက်အကြောင်းမျောနေရာ
ဦးအံ့ဘယ်အချိန်ကတည်းကရှိနေသလဲဆိုသည်ကိုတောင်သတိမမူမိ။ ငါးမိနစ်လောက်ကြာမှနှလုံးခုန်သံများစည်းချက်မှန်၍စိတ်ကလေးမှာငြိမ်သက်သွားရသည်။

ဘေးတွင်ရှိနေသည့်ဦးအံ့ကိုသူကြည့်တော့ဦးအံ့ကလည်းထပ်တူပြန်ကြည့်လာသည်။ စည်းချက်မှန်နေသည့်နှလုံးခုန်သံများကထိုမျက်ဝန်းအစုံကြောင့်
ကမောက်ကမပြန်ဖြစ်လာရပြန်တော့အမြန်အကြည့်လွှဲလိုက်ရသည်။

" အဲ့လိုကြီးကြည့်မနေနဲ့၊ကျွန်တော်နှလုံးခုန်မြန်ကုန်ပြီ "

" စိတ်ငြိမ်ပြီလား "

" ဟုတ် ၊ ကျွန်တော်အိပ်မက်ဆိုးမက်တယ် "

" အင်း "

" ကျွန်တော်ကအိပ်မက်ထဲမှာဆရာလေးဖြစ်နေခဲ့တာ၊
ဦးအံ့လည်းပါလာသေးတယ်၊အိပ်မက်ထဲကဦးအံ့ကအရမ်းကြောက်စရာကောင်းတာပဲ "

" ချစ်ဖို့မကောင်းဘူးပေါ့ "

" ကြောက်စရာကောင်းပါတယ်ဆိုမှဘယ်လိုချစ်ဖို့ကောင်းမှာလဲဗျာ၊ စကားပြော​​တာကလည်းကျုပ်ဆိုလား၊ဝတ်ထားတာကလည်းတကယ့်လူပေါ်ကြော့ပဲ၊
ကြောက်စရာကောင်းလိုက်ပုံများကလေးတွေပါထပြေးကုန်တာ၊သူများတွေကနွားလှည်းစီးတာကိုသူကရှေးဟောင်းကားကြီးနဲ့သူဋ္ဌေးသားလုပ်​နေတာ၊မျက်နှာကလည်းပုပ်သိုးနေလိုက်ပုံများအခုနေကောက်ထုတော့မယ့်ပုံကြီး၊အလကားလူကြီး ဟဲဟဲ အိပ်မက်ထဲကဦးအံ့ကိုပြောတာနော်"

Sunshine Of My Life [ Ongoing ] Where stories live. Discover now