Chapter - 12

468 15 4
                                    

ပုံမှန်နေ့ရက်လေးများအားတရွေ့ရွေ့ဖြတ်သန်းလာရင်းအထက်တန်းကျောင်းသားများအဖြစ်မှတက္ကသိုလ်ကျောင်းသားများအဖြစ်ပင်ရောက်လာကြလေပြီ။တက္ကသိုလ်ကျောင်းသားဘဝဆိုသည်မှာလူတို့၏တစ်သက်တာမှတ်ဉာဏ်ထဲတွင်ဘယ်တော့မှမေ့ပျောက်နိုင်မည်မဟုတ်သည့်အဖိုးတန်အစိတ်အပိုင်းလေးပင်။

" ငါဒုတိယနှစ်ကကွင်းမမနဲ့တွဲနေပြီ "

ဟန်ဂျူဂျူကို ကပျော်ရွှင်မြူးတူးနေသည့်အသံဖြင့်
ဆိုတော့အရှေ့မှသုံးယောက်ကမဲ့ရွဲ့ကာ...

" မြဲမယ့်ပုံလည်းပေါ်မနေတာကြီးကိုကြွားပြန်ပြီ "

နှိုင်းသုတကလက်ဖက်ရည်မော့ရင်းပြန်ပြောသည်။
တက္ကသိုလ်စရောက်ကတည်းကဟန်ဂျူဂျူကို၏
ချောမောသည့်မျက်နှာသွင်ပြင်၊ယောင်္ကျားဆန်လှသည့်ခန္ဓာကိုယ်အချိုးအစားတို့ကြောင့်ဂျူနီယာအဆင်လေးဟုပင်နာမည်တွင်နေသည်။ ဟန်ဂျူဂျူကို ကလည်းတက္ကသိုလ်မြေသို့ခြေချကတည်းကချစ်ရေးဆိုသည့်အမျိုးသမီးများကိုငြင်းဆိုခြင်းမရှိပဲတစ်ယောက်ပြီးတစ်ယောက်ထည်လဲတွဲသည်။ တွဲလျှင်လည်းအလွန်ဆုံးတစ်လလောက်သာခံသည်။ ချစ်လားမေးလိုက်လျှင်တော့အယောက်တိုင်းကိုချစ်သည်ပင်။ နှလုံးသားထဲကချစ်သလား၊နှုတ်မှချစ်သလားဆိုတာကိုတော့ကာယကံရှင်သာသိတော့မည်။

" နွယ်နီသိမ့်သတင်းကြားသေးလား "

" ဒဏ်ရာကိုလာဆွမနေစမ်းနဲ့ "

ဈာန်သုတ ကအဝေးသို့တွေတွေလေးငေးနေရာမှ
နဂါးမျက်စောင်းဖြင့်ကြည့်လာတော့ဟန်ဂျူဂျူကိုကရယ်သည်။ ဈာန်သုတအရမ်းချစ်ရသည့်အချစ်ဦးလေးမှာအထက်တန်းပြီးကတည်းကတခြားအမျိုးသားတစ်ဦးနှင့်လက်ထပ်ပြီးပြည်ပသို့ထွက်ခွာသွားပြီဖြစ်သည်။ စစသိလိုက်ရစဥ်ကရူးမတတ်ငိုခဲ့မိသည်။နာကျင်ရသည်။ထိုနေ့ကဟန်ဂျူဂျူကိုအပါအဝင်သူ့ညီနှစ်ယောက်နှင့်သူ့မိဘများပါအေးဆေးမနေရပဲဈာန်သုတ၏ကြေကွဲစွာငိုရှိုက်သံတွေကိုထိုင်နားထောင်ပေးခဲ့ရသည်။ နောက်တစ်နေ့မနက်ရောက်တော့မေမေကသူ့ကိုဤကဲ့သို့ဆုံးမစကားဆိုခဲ့သည်။

" ကိုယ့်ကိုပြန်မချစ်တဲ့သူတစ်ယောက်အတွက်နဲ့ဒီလိုငိုနေတာအမေဖြင့်သိပ်ရင်နာတယ်ငါ့သားရယ်၊သားကငယ်သေးတယ်၊အချစ်ဆိုတာကလေဘဝကြီးမဟုတ်ဘူးကွဲ့၊ဒီတိုင်းဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုသာသာပါ၊အခုကတော့ဖေဖေမေမေတို့ရဲ့အရိပ်အာဝါသအောက်မှာရှိနေရလို့လောကကြီးအကြောင်းကောင်းကောင်းမသိသေးတာ၊သားအရွယ်ရလာရင်လောကဓံကြီးကိုမျက်ဝါးထင်ထင်မြင်လာရလိမ့်မယ်၊အဲ့အချိန်ကျရင်အခုအချစ်အတွက်နဲ့ငိုနေတာတွေကအရေးမပါ၊ကလေးကလားဆိုတာသားနားလည်လာလိမ့်မယ် "

Sunshine Of My Life [ Ongoing ] Where stories live. Discover now