Chapter - 20

435 12 3
                                    

" လူနာစောင့်တွေကလည်းဆင်တက်နင်းလို့မှနိုးပါ့မလား "

ဒေါ်ခိုင်သူဇာဝင်းကခင်ပွန်းဖြစ်သူနားကပ်ကာလေသံတိုးတိုးလေးဖြင့်ရယ်ရင်းဆိုသည်။ ကျောင်းပိတ်ရက်မို့သူတို့သာဆေးရုံစောင့်ပါမည်ဟုဆိုသည်ကြောင့်
သူ( မ ) တို့နှစ်ယောက်လည်းစိတ်ချလက်ချပင်နေခဲ့သည်။ မနက်မိုးလင်းက​လေးတွေအခြေနေသိချင်သည်မို့စားစရာချိုင့်လေးများဆွဲကာလာတော့ သုံး​ယောက်သားကအလွန်ပင်ပန်းထားကြသည့်ပုံပင်။ ဆေးရုံကုတင်၏အောက်ဘက်ဖျာလေးပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတာများနည်းနည်းလေးတောင်မလှုပ်။ သုံးယောက်သားကကော်ကပ်ထားသည့်နှယ်ပူးပူးကပ်ကပ်တစ်ယောက်ပေါ်တစ်ယောက်ခြေထောက်ခွလျက်သားအိပ်နေကြသည်။

" နှိုးလိုက်တော့ "

" ဘာလို့နှိုးမှာလဲရှင်ကလည်း "

" အိပ်နေတဲ့ပုံတွေကိုလည်းကြည့်ဦး၊ကားကားယားယားပိုးလိုးပက်လက်မျက်လုံးထဲအဝင်ဆိုးလိုက်တာမိန်းမရာ၊ သားဂျူကတောင်တော်သေးတယ်၊မင်းသားနှစ်ကောင်ကိုကြည့်ဦး၊သရေတွေပါကျနေပြီ "

သူတို့စကားပြောနေရင်းခဏအကြာမှာပင်ဟန်သုတကသရေများသုတ်ကာထထိုင်သည်။ သူတို့နှစ်ယောက်ကိုမြင်သည်နှင့်လာပြေးဖက်တော့ဦးသူရိန်နိုင်ကရှောင်သည်။

" နံစော်နေရောဖေ့သားရာ၊မင်းရုပ်ကိုကြည့်ဦး၊
ဂြိုဟ်သားနဲ့ခပ်ဆင်ဆင်ပဲ "

" ဟုတ်ပဗျာ၊ဖေဖေနဲ့ချွတ်စွပ်ပဲ "

" နောက်တစ်ခါဆေးရုံမစောင့်ခိုင်းတော့ဘူးသိသလား၊လူနာအရေးပေါ်ထဖြစ်ရင်တောင်သိလိုက်ပါ့မလား ဟင်"

ဒေါ်ခိုင်သူဇာဝင်းကသားဖြစ်သူ၏ပုံစံမကျဟိုထောင်ဒီထောင်ဖြစ်နေသည့်ဆံပင်လေးများအားသပ်ပေးကာရယ်ရင်းဆိုတော့ဟန်သုတကမဲ့ရွဲ့ကာ.....

" သားတို့လည်းမစောင့်တော့ပါဘူး၊သားတို့မနေ့ညကဘာဖြစ်သလဲမေမေတို့မှမသိတာ "

" ဘာဖြစ်ကြလို့တုန်း "

" ညကသရဲခြောက်ခံလိုက်ရတယ် "

အနောက်မှနိုးလာသည့်ဈာန်သုတကထထိုင်ရင်းပြန်ဖြေသည်။ဟန်ဂျူဂျူကိုကတော့အိပ်ရေးမဝသည့်ပုံစံလေးဖြင့်စူပုပ်ပုပ်လေးဖြစ်နေဆဲ.....။

Sunshine Of My Life [ Ongoing ] Where stories live. Discover now