Chapter - 13

438 14 0
                                    

" ငါ့ကိုလွှတ်ပေးပါတော့၊ငါ..ငါဘဝအသစ်စချင်လှပါပြီ "

ဖြူစုတ်စုတ်နှင့်ပိန်ပိန်ပါးပါးအသက်ငါးဆယ်စွန်းစွန်းသာရှိလောက်မည့်ထိုဝိညာဥ်ကသူ့အရှေ့မှဝိညာဥ်ကြီး၏ခြေဖမိုးပေါ်နဖူးပြင်ထိကပ်လို့လက်အုပ်ချီကာတရိုတသေဖြင့်တောင်းပန်နေရှာလေသည်။ မျက်နှာတွင်နားထင်မှစီးကျနေသည့်သွေးစီးကြောင်းကြီးရှိနေသလိုတစ်ကိုယ်လုံးတွင်လည်းနေရာအနှံ့ဒဏ်ရာများနေရာမလပ်အောင်ရှိနေပုံကိုကြည့်ခြင်းအားဖြင့်
ငြင်ငြင်သာသာသမာရိုးကျသေဆုံးခဲ့ခြင်းမဟုတ်ကြောင်းသိနိုင်သည်။ သူ့အရှေ့မှဝိညာဥ်ကြီးမှာတော့သနားကြင်နာစိတ်တစ်စိုးတစိတောင်မရှိပုံပေါ်သည်။

" သောက်ရေးမပါတာ "

ပြောရင်းထိုဝိညာဥ်၏ခေါင်းကိုခြေထောက်ဖြင့်အားကုန်တက်နင်းချကာပြုံးသည်။ ထိုအပြုံးကာ
မြင်လိုက်သည်နှင့်အလွန်ကျောချမ်းစရာကောင်းလှသည့်မဲ့ပြုံးပင်။ သူ့ခြေဖဝါးအောက်မှထိုဝိညာဥ်မှာတော့ပြန်လည်မခုခံနိုင်ပဲပြုသမျှနုခံနေရလေသည်။

" ငါ..နောင်တရနေပါပြီ၊ငါ့ကိုလွှတ်ပေးပါတော့ "

" ......... "

မျက်ဝန်းသေများဖြင့်ထိုဝိညာဥ်ကြီးမှာခြေဖဝါးအောက်မှပြားပြားဝပ်နေရသည့်ဝိညာဥ်ကိုဆံပင်များမှဆွဲဆုပ်ကိုင်ရင်းတစ်ဖက်သို့အားကုန်လွှဲပစ်လိုက်ပုံမှာညှာတာခြင်းအလျင်းမရှိ။သနားစရာဝိညာဥ်လေးခမျာထိုဒဏ်ကြောင့်ပြန်ပင်မထနိုင်။သို့ပေမယ့်နှုတ်ဖျားမှတော့ထပ်တူညီသည့်စကားလုံးများကိုသာထပ်ခါတလဲလဲပြောဆိုနေပြန်သည်။

" ငါ့ကိုလွှတ်ပေးပါ....ငါတကယ်နောင်တရနေပါပြီ "

" ခွင့်မလွှတ်နိုင်စရာကိစ္စလုပ်ထားတဲ့သူကို
ခွင့်လွှတ်ပေးပြီးအေးအေးဆေးဆေးဘဝသစ်ပြန်ပေးစရအောင်ငါကသောက်ရူးလား  "

လဲကျနေသည့်ဝိညာဥ်၏ပါးကိုခပ်ဆတ်ဆတ်ရိုက်ရင်းဒေါသမာန်မပါသည့်လေသံအေးအေးလေးဖြင့်ပြောနေသော်ငြားထိုတည်ငြိမ်လှသည့်လေသံအေးအေးကပင်အလွန်တရာထိတ်လန့်စရာကောင်းလှသည်။

Sunshine Of My Life [ Ongoing ] Where stories live. Discover now