Chapter - 25

301 17 4
                                    

" ငါ့တူမငါပြန်ခေါ်မယ်၊ဒီအတောအတွင်းစောင့်ရှောက်ထားပေးလို့နင့်ကိုကျေးဇူးတင်တယ်၊အခုကစပြီးလွတ်လွတ်လပ်လပ်နေပါတော့ "

" အားနာပါတယ်ခင်ဗျာ၊ကျွန်တော့်ညီမလေးကိုလုံးဝပြန်မထည့်ပေးနိုင်ပါဘူး၊ဒေါ်လေးယောင်္ကျားဘာကြောင့်ထောင်ကျခဲ့ရသလဲဆိုတာလည်းအသိပဲမဟုတ်လား "

" ငါ့ယောင်္ကျားကအဲ့တုန်းကအသိမရှိခဲ့လို့မှားခဲ့မိတာ၊အခုသူလိမ္မာနေပြီမို့စိတ်ချပါ "

" ဒါဆိုကျွန်တော့်ညီမလေးကရော၊ဒီကလေးခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေအတွက်ကရော၊ဒေါ်လေးယောင်္ကျားလိမ္မာသလား၊ဆိုးသလား ကျွန်တော်စိတ်မဝင်စားဘူး၊ကျွန်တော်ကတော့ဒီလိုလုပ်ရက်ကျူးလွန်ထားတဲ့သူဆီလုံးဝပြန်မထည့်ပေးနိုင်ပါဘူး "

" အောင်မာ၊နင်ကများ ၊ငါကသူ့အကြီးဟဲ့၊မိဘတွေမရှိတော့တဲ့ကလေးကဆွေမျိုးတွေနဲ့နေရမှာဖြစ်သင့်တဲ့ကိစ္စပဲ "

မနက်ခင်းစောစောအချိန်ပင်ရှိသေး၏။ အိမ်သို့ထိကိုယ်တိုင်ကိုယ်ကျရောက်လာကာအဓိပ္ပါယ်မရှိသည့်စကားများလာပြောဆိုနေသည့်သူ့အရှေ့မှအမျိုးသမီးကြီးကိုကြည့်ကာစိတ်အကြည်ဓာတ်များပါပျောက်ဆုံးသွားရသည်။ ကွမ်းတမြုံ့မြုံ့ဝါးကာကြမ်းတမ်းစရိုက်ဆန်သည့်အသွင်ရှိပြီးစကားအပြောအဆိုအားနားထောင်သည်နှင့်ဘယ်လိုစိတ်ထား၊ဘယ်လိုဉာဏ်ရည်မျိုးရှိသလဲခန့်မှန်း၍ရသည်။ ကြီးကြီးငုဝါကတော့ဘေးတွင်ထိုင်နေကာဘာမျှဝင်မပြော။ ကံကောင်းသွားသည်ကမီးမီးကာသည်နေ့ကျောင်းသို့အစောကြီးသွားလိုက်ပြီဖြစ်သည်ကြောင့်အိမ်တွင်မရှိခြင်းပင်။

" ကျွန်တော်ကဆွေမျိုးတွေလက်ထဲမထည့်ပေးဘူးလည်းမပြောပါဘူး၊ကျွန်တော်ကဒီတိုင်းပြစ်မှုကျူးလွန်ထားတဲ့အပြစ်သားတစ်ယောက်ဆီမထည့်ပေးချင်ရုံပါခင်ဗျာ "

" နင်ကများ ငါ့ယောင်္ကျားကို! "

ဟန်ဂျူဂျူကို ကတည်ငြိမ်စွာပြောဆိုနေသလောက်ထိုအမျိုးသမီးကြီးကတော့တည်ငြိမ်အေးချမ်းခြင်းအလျဥ်းမရှိပဲအပူမီးများတောက်လောင်နေသည့်သူတစ်ယောက်နှယ်......။

Sunshine Of My Life [ Ongoing ] Where stories live. Discover now