Chapter - 38

154 12 2
                                    


" ဘယ်လိုလဲ ၊ စိတ်နည်းနည်းလန်းဆန်းသွားတယ်မလား "

" ဟုတ် "

" နေ့လယ်ကကိစ္စ ၊ အစ်ကို​စိတ်ထဲမထားတာမို့ပေါ့ပေါ့ပါးပါးနေပါ "

" အာ ၊ တကယ်တော့ကျွန်တော်အဲ့ကိစ္စကြောင့်အားနာနေခဲ့တာ "

" ဘာမှမဖြစ်ဘူး၊အမူးသမားလေးနဲ့ပြိုင်စိတ်ဆိုးလောက်တဲ့အထိအစ်ကိုကသဘောထားမသေးပါဘူးကွာ "

သူ့စိတ်အားဖတ်တတ်နေသူကြောင့်ဈာန်သုတမှာရယ်လိုက်မိသည် ။ စစချင်းနေရအနည်းငယ်ခက်နေမိပါသော်ငြားနွေးထွေးပြီးဖော်ရွေလှသည့်အစ်ကိုကြောင့်သူ့စိတ်ထဲပေါ့ပါးသွားရသည်။

ရွာအပြင်ဘက်တွင်ဆန်အိတ်များဝိုင်းယူပေးရန်ခေါ်လာခဲ့ပါသော်လည်းတကယ်တမ်းအစမှအဆုံးလုပ်သွားသူကထိုအစ်ကိုသာဖြစ်သည်။ သူလုပ်ရသည်ဆိုလို့ဆန်အိတ်လေးနှစ်အိတ်အားဆိုင်ကယ်မောင်းချိန်
အလယ်တွင်ညှပ်၍ထိန်းကိုင်လာရုံသာ ။ ဆိုင်ကယ်အားပုံမှန်အရှိန်ဖြင့်သာမောင်းနှင်၍လေတဖြူးဖြူးများကမျက်နှာထက်ညင်သာစွာရိုက်ခတ်လာသည့်အခါစိတ်ကလေးများပင်ကြည်လင်လန်းဆန်းသွားရသည်။

ထိုအစ်ကိုနှင့်သူ၏အလယ်တွင်ဆန်အိတ်လေးနှစ်အိတ်ခြားနေပါသည့်တိုင်အစ်ကို့ထံမှစံပယ်ပန်းရနံ့သနပ်ခါးနံ့သင်းသင်းလေးဟာမွှေးပျံ့စွာလွင့်ပျံ့နေလေသည်။ ခေါင်းအုန်းဆီရည်များအားဖွဖွလိမ်းကျံထားတာကြောင့်ပြားဝပ်သေသပ်နေသည့်နက်မှောင်နေသည့်ဆံပင်တိုလေးများ၊စံချိန်စံနှုန်းမီသည့်အရပ်အမောင်းနှင့်တောင့်တင်းသည့်ခန္ဓာကိုယ်၊ ချိုလှသည့်အမောပြေအပြုံးလေးများနှင့်ခံ့ညားလှသည့်မျက်နှာလေးအားပိုင်ဆိုင်ထားသည့်တိုင်ကြင်ဖော်မရှိသူကတစ်ယောက်တည်းနေရသည်ကိုနှစ်သက်ပုံပင် ။ ဟန်ဂျူဂျူကို ပြောပြ၍လာရောက်ပိုးပန်းတောင်းရမ်းကြသည့်မိန်းမပျိုလေးများရှိကြောင်းလည်းသူကြားထားပြီးပြီ ။ အစ်ကိုဟာတစ်ယောက်တည်းအေးဆေးနေရသည့်ဘဝကိုပျော်မွေ့လေသလား ထိုသို့မဟုတ် ချစ်ရတဲ့သူများရှိနေလေသလားဟုအတွေးဝင်လာရသည် ။

သို့သော်ဒါဟာသူ့ကိစ္စဟုတ်မနေတာကြောင့်အကြာကြီးတော့မတွေးဖြစ် ။ ခေါင်းထဲမှအမြန်ဖယ်ရှားလိုက်ကာပစ္စုပ္ပန်ဆီသာသတိပြန်ကပ်လိုက်၏ ။ ထို့နောက်ရွာလမ်းသို့အဝင်တစ်နေရာအားသူသတိပြုမိသွားတော့သည် ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now