Chapter - 24

314 11 2
                                    

" ဒီကလေးမ သိပ်ဆိုးနေပြီသားဂျူ၊
သည်နေ့ဦးကြီးလာမကြိုသေးပဲသူ့ဟာသူတက္ကစီငှားပြီးပြန်တယ်လေ၊မေးတော့လည်းပေကပ်ကပ်နဲ့မဖြေဘူး၊တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ "

" ခဏနော်ဦးထက်မြက်၊ကျွန်တော်မေးယူပါ့မယ် "

" ကြည့်ကြပ်ပြီးအလိုလိုက်နော်သားဂျူ၊ဦးကြီးဆက်မပြောချင်ဘူး "

ငိုမဲ့မဲ့လေးဖြစ်နေသည့်မီးမီးကိုဦးထက်မြက်ကလေသံမာမာဖြင့်ဆူတော့မီးမီးကမျက်ရည်ဥလေးများပင်ကျလာသည်။ ဦးထက်မြက်ကစိတ်ဆိုးဆိုးဖြင့်ထွက်သွားတော့ဟန်ဂျူဂျူကိုနှင့်မီးမီးသာနေရာတွင်ကျန်ခဲ့သည်။ ပုံမှန်ဆိုလျှင်မီးမီးကာအလွန်နာခံတတ်ပြီးလိမ္မာရေးခြားရှိသည့်ကလေးပေမို့သည်လိုလုပ်ရခြင်းဟာအကြောင်းပြချက်တစ်ခုခုတော့ရှိမည်ဟုသူယုံသည်။ ဟန်ဂျူဂျူကိုကမီးမီး၏မျက်ရည်လေးများကိုငြင်သာစွာသုတ်ပေးရင်း....

" အစ်ကို့ကိုတစ်ခုခုများပြောစရာရှိသလား၊ ဟင် "

" အိန္ဒြေတောင်းပန်ပါတယ် "

ဟန်ဂျူဂျူကိုခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်းဖရိုဖရဲဖြစ်နေသည့်ဆံပင်လေးများကိုသပ်တင်ပေးလိိုက်ကာ......

" အင်း၊တော်တယ် ၊တောင်းပန်စကားပြောတတ်တာလေးကိုအစ်ကိုသဘောကျတယ်၊ဒါပေမယ့်တောင်းပန်ရတဲ့အကြောင်းရင်းကရော..... "

" ဟို....ဦးထက်မြက်မကြိုပဲပြန်လာလို့ပါ "

" သိပ်ကိုအန္တရာယ်များတယ်၊ မသမာသူတွေနဲ့တွေ့ရင်ခက်လိမ့်မယ်၊ဒါကိုမီးမီးလည်းသိတယ်ဟုတ်၊ဆိုတော့ဒီလိုသိသိရက်နဲ့လုပ်ဖြစ်အောင်ဘယ်အရာကပိုကြောက်စရာကောင်းနေတာပါလိမ့်....."

" ...... "

" အကြောင်းရင်းမရှိပဲတော့ဒီလိုလုပ်မှာမဟုတ်ဘူး၊
အစ်ကိုမီးမီးကိုယုံတာမို့အစ်ကို့ကိုပြောပြ၊အစ်ကိုနားထောင်ပေးမယ်၊လုံးဝမဆူဘူးမို့ပြောပြ၊မီးမီးမပြောပြလည်းအစ်ကိုကသိအောင်လုပ်မှာပဲမို့မီးမီးကိုယ်တိုင်ကပဲပြောပြပါ "

" အိန္ဒြေ...ဘကြီးကိုတွေ့ခဲ့တယ် "

" ဟမ်! "

" ဘကြီးမိန်းမကြီးကြီးငွေပါ ပါလာတယ်၊
အိန္ဒြေ့ကျောင်းရှေ့မှာရပ်စောင့်နေခဲ့တာ၊သူတို့မတွေ့ခင်အမြန်ပြေးလာခဲ့ရတာမို့...ဦးဦးထက်မြက်ကိုစောင့်နေရင်သူတို့တွေ့သွားမှာကြောက်တာမို့..."

Sunshine Of My Life [ Ongoing ] Where stories live. Discover now