Chapter - 32

214 9 6
                                    

" ဒီနေ့ဆရာတို့အပေါင်းသင်ခန်းစာစသင်ကြမယ်၊
စာအုပ်လေးတွေကိုအဆင်သင့်ထုတ်မယ်နော်၊ဆရာမှာတဲ့စာအုပ်လေးတွေရောဝယ်လာကြရဲ့လား "

" ဝယ်လာပါတယ်ဆရာ "

ကလေးအယောက်နှစ်ဆယ်ရှိသည့်အထဲငါးယောက်လောက်၏အသံကသာထွက်လာကာကျန်သည့်သူလေးတွေကတော့တိတ်ဆိတ်နေလျက်။

" ကျန်တဲ့သူလေးတွေကရော "

" အမေကမဝယ်ပေးပါဘူးဆရာ "

" သားမုန့်ဖိုးစုပြီးဝယ်မလို့ပေမယ့်အဖေကမြင်ပြီး
ဝယ်စရာရှိလို့ဆိုပြီးပိုက်ဆံတွေယူသွားပါတယ် "

" စာအုပ်ဝယ်ပေးဖို့ပြောတော့အမေကစိတ်ဆိုးသွားလို့ထပ်မပြောရဲပါဘူးဆရာ "

မျက်နှာငယ်လေးများဖြင့်အကြောင်းပြချက်ကိုယ်စီပေးလာကြသည့်တပည့်သေးသေးလေးများကိုကြည့်ရင်းဟန်ဂျူဂျူကိုတပည့်လေးများမမြင်အောင်အသာသက်ပြင်းချလိုက်သည်။ ပညာရေးကိုဝမ်းစာရေးလောက်အရေးမကြီးဟုယူဆထားကြသည့်မိဘများဟာသူတို့ကိုယ်တိုင်လည်းပညာမတတ်မြောက်ကြသလိုသားသမီးများအားတွန်းပို့ရန်လည်းအတွေးမရှိကြ။

" ထားလိုက်ပါတော့၊ဆရာဒီအပတ်မြို့တက်ဖြစ်ရင်ဝယ်လာခဲ့ပေးမယ်နော်၊ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါ

" ကဲ ဒါဆိုကျောက်သင်ပုန်းကိုကြည့်မယ်၊ ဒါလေးကပန်းလေးတစ်ပွင့် ပြီးရင်ဒါလေးကိုကအပေါင်းလက္ခဏာလို့ခေါ်တယ် ပြီးရင်နောက်ထပ်ပန်းလေးတစ်ပွင့်ဆွဲမယ် ၊ ပန်းလေးတစ်ပွင့်ရယ် နောက်ထပ်ပန်းလေးတစ်ပွင့်ရယ်ပေါင်းလိုက်တော့ပန်းလေးကဘယ်နှပွင့်ဖြစ်သွားတုန်း "

အပေါင်းသင်ခန်းစာယခုမှစသင်သည်မို့တပည့်ပေါက်လေးများမရှုပ်သွားရလေအောင်အရင်ဆုံးပုံလေးတွေနှင့်ဆွဲပြရင်းရှင်းပြရသည်။ တပည့်လေးများကလည်းစိတ်ဝင်စားစွာလိုက်နားထောင်ကြပါသည်။

အခန်းလေးဟာကလေးငယ်များသက်တောင့်သက်သာနေနိုင်၊သင်နိုင်ရန်အတွက်အနည်းငယ်ကျယ်သလိုပြတင်းပေါက်လေးများရှိသည်ကြောင့်လည်းလေကောင်းလေသန့်ရ၏ ။ သစ်သားခုံတန်းလေးနှင့်ထိုင်ခုံတန်းရှည်လေးများတွင်မိန်းကလေးသက်သက်၊ယောင်္ကျားလေးသက်သက်ခွဲထိုင်စေပြီးအပြောဆိုသိပ်မခက်၊သင်သမျှလည်းစိတ်ဝင်တစားရှိသည့်ကလေးများကြောင့်အမောပြေရပါ၏ ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now