Chapter - 19

446 14 2
                                    

ဟန်ဂျူဂျူကို ရေမိုးချိုးပြီးတော့နှိုင်းသုတကိုစောင့်ပေးဖို့ရန်ဆိုင်ကယ်သော့အားယူကာထွက်လာလိုက်သည်။ ညနေ၄နာရီပင်ထိုးလုပြီမို့ဆေးရုံတွင်ရှိသည့်
ဈာန်သုတနှင့်ဟန်သုတတို့လည်းဗိုက်ဆာလောက်ပြီထင်သည်ကြောင့်စားစရာများဝယ်ပေးဖို့ရန်နှင့်အတူညဘက်အပျင်းပြေစားဖို့Snack ထုပ်များ၊သောက်စရာများဝယ်ဖို့ရန်ဦးတည်လိုက်သည်။

မြန်မြန်ဝယ်ပြီးမြန်မြန်သွားဖို့အတွက်ဖြတ်လမ်းကိုဦးတည်လိုက်သည်။ ထိုဖြတ်လမ်းမှာဦးဆန်သောင်းရှိသည့်လမ်းဖြစ်တာမို့သူ့ကိုမမှတ်မိရလေအောင်Mask အမည်းအုပ်ကာလျှာထိုးဦးထုပ်အနက်ရောင်အားအရှေ့ကိုခပ်ငိုက်ငိုက်ဆောင်းလို့ဆိုင်ကယ်အားအရှိန်မြှင့်မောင်းလိုက်သည်။  မချစ်စုကိုသံယောဇဥ်ကသိပ်မပြတ်လှချင်တာကြောင့်ဆိုင်ကယ်မောင်းရင်းပင်
ခေါင်းအနည်းငယ်စောင်း၍လှည့်ကြည့်လိုက်မိသေးသည်။

ဟင်..............

ဦးဆန်သောင်း၏ခြံရှေ့တွင်လူများတန်းစီနေကာ
ကုန်းကုန်းကွကွဖြင့်ဘာတွေအလုအယက်ဖြစ်နေကြသလဲမသိ။ ဟန်ဂျူဂျူကို မျက်လုံးလေးများအနည်းငယ်ပြူးသွားကာအံ့ဩသွားရသည်။ လွန်ခဲ့သည့်နာရီပိုင်းလေးကမှလှိုင်လှိုင်သီးကာအပင်ပြည့်ရှိနေသည့်မချစ်စုကြီးများကယခုတော့အပင်ပေါ်တွင်တစ်လုံးလေးတောင်မရှိတော့။ အဲ့အစားမြေပြင်ပေါ်ခ၍နေကာသရက်သီးမိုးများရွာထားလေသလားအောက်မေ့ရအောင်ပြန့်ကျဲနေလေသည်။ ဟန်ဂျူဂျူကိုလည်းစိတ်ဝင်တစားရှိလှတာကြောင့်ဆိုင်ကယ်အားခဏရပ်ကာရပ်ကြည့်နေမိသည်။

" လာကြ လာကြ တစ်ယောက်ကိုနှစ်လုံးပဲရမှာနော်၊
ပိုယူရင်လက်ထဲကတုတ်နဲ့ရိုက်သတ်မယ် "

ဦးဆန်သောင်း၏လော်စပီကာဖြင့်အော်နေသည့်
အသံကြီးကအောင်အောင်မြင်မြင်ထွက်ပေါ်နေသော်လည်းလူကိုတော့ရှာမတွေ့။

" ငါ့မချစ်စုကြီးတွေကငါ့ကိုမချစ်တော့ဘူး၊
မင်းတို့ပဲယူလိုက်ကြတော့ "

လော်စပီကာမှငိုသံကြီးဖြင့်ပြောလာသည့်ဦးဆန်သောင်းအသံကကြေကွဲဝမ်းနည်းဖွယ်ရာပင် ။
ထိုအချိန်လက်ထဲတွင်ဝါဝါဝင်းဝင်းမချစ်စုကြီးနှစ်လုံးကိုင်လာသည့်အစ်မကြီးတစ်​ယောက်ကသူ့ဘေးမှဖြတ်မည်ပြင်တော့ဟန်ဂျူဂျူကို ခဏခေါ်ကာစပ်စုကြည့်လိုက်သည်။

Sunshine Of My Life [ Ongoing ] Where stories live. Discover now