Chapter - 39

117 10 2
                                    

" မာန်ဝင့်ထည်၊ သားဒီနေ့သူငယ်ချင်းရဲ့ခဲဖျက်ကိုသူငယ်ချင်းမသိပဲယူပြီးဖွက်ထားတယ်လို့ဆရာ့ကိုလာတိုင်တယ်၊အဲ့ဒါမှန်သလား "

" ...... "

" ဆရာ မရိုက်ဘူး၊ဆူလည်းမဆူမှာမို့အမှန်တိုင်းဖြေရမယ်နော်၊တကယ်ယူထားတာလား အကယ်လို့ယူထားတယ်ဆိုရင်ဘာကြောင့်လဲဆိုတာပြောပြရမယ်၊ဆရာနားထောင်ချင်တယ် "

" သားမှာမရှိလို့ "

" အင်း ၊ သားမှာမရှိရင်ခွင့်တောင်းပြီးငှားလို့ရတယ်၊ ဒီလိုတော့မယူထားသင့်ဘူး၊ဆရာပြောတာမှန်သလား "

" ခဏခဏငှားနေရတာသားရှက်တယ်၊သားလည်းသားအပိုင်တစ်ခုလိုချင်တယ်လေ "

အရှေ့မှတပည့်ပေါက်လေးကိုကြည့်ရင်းဟန်ဂျူဂျူကို နားလည်စွာခေါင်းငြိမ့်ပြလိုက်ပြီးစိတ်အေးအေးထားလိုက်၍အလွန်နူးညံ့ပျော့ပျောင်းလှသည့်လေသံလေးဖြင့်......

" သားမှာမရှိတာဆရာသိတယ်၊ သားအပိုင်တစ်ခုရှိထားချင်တာလည်းဆရာသိတယ်၊ဒါပေမယ့်အခုဟာလေးကတော့ဘယ်သူ့ဟာလဲ "

" ယမင်းသူဇာဟာပါ "

" အင်း၊ သားအပိုင်ရှိထားချင်သလိုမျိုးဒီဟာလေးကလည်းသူ့အပိုင်လေ၊ သူ့မှာမရှိတော့ရင်သူဝမ်းနည်းလိမ့်မှာပေါ့၊ ပြီးတော့ဘုရားမကြိုက်တဲ့အချက်ငါးချက်ဆရာခဏခဏပြော​လေ့ရှိတယ်၊ အဲ့ဒါလေးဆရာ့ကိုပြန်ရွတ်ပြပါဦး "

ဟန်ဂျူဂျူကို လက်ငါးချောင်းထောင်ပြကာပထမလက်မနေရာလေးကိုကွေးပြရင်းမေးလိုက်တော့......

" သူတစ်ပါးအသက်မသတ်ရဘူး "

" အင်း၊ဒီလက်ညှိုးနေရာလေးကရော "

" လိမ်မပြောရဘူး ၊ အရက်မသောက်၊ဖဲမရိုက်၊ချဲမထိုးရဘူး ၊ သူများကောင်မလေးကိုအာဘွားမပေးရဘူး "

ကလေးဖြစ်သည်ကြောင့်အစဥ်တကျမမှတ်မိပါသော်ငြားမှတ်ထားသလိုလေးပြန်ပြောပြလာသည်ကိုကြည့်ရင်းသူသဘောကျနေမိတော့သည် ။

" အင်း၊ နောက်ဆုံးတစ်ခုပဲကျန်တော့တယ် "

" သူများပစ္စည်းတွေကိုသူများမသိပဲမယူရပါဘူး "

Sunshine Of My Life [ Ongoing ] Where stories live. Discover now