Chapter - 29

211 12 2
                                    

" ကြယ်တွေကမှိတ်တုတ်မှိတ်တုတ်နဲ့ကိုယ်စီလှနေကြပေမယ့်လမရှိတော့တစ်ခုခုလိုနေသလိုပဲနော် "

" အင်း "

" ကောင်းကင်ကြီးက ကျွန်တော်၊ကြယ်တွေက ကျွန်တော့်အနားမှာရှိနေပေးကြတဲ့သူတွေ၊လမင်းကြီးကတော့ ဦးအံ့ပေါ့၊လမရှိတဲ့ကောင်းကင်ကြီးကအပြည့်အဝမလှသလိုဦးအံ့မရှိတဲ့ကျွန်တော့်ဘဝကလည်းပြည့်စုံနိုင်မှာမဟုတ်ဘူး၊သိရဲ့လား "

" ..... "

ပြန်တုံ့ပြန်သံမကြားရတာကြောင့်ဘေးသို့လှည့်ကြည့်လိုက်သော်ဘယ်အချိန်ကတည်းကသူ့ကိုကြည့်နေမှန်းမသိသောသူ။ ကြယ်အလင်းရောင်များစုဝေးနေသလိုတလက်လက်တောက်နေသည့်ထိုရွှေဝါရောင်မျက်ဝန်းလေးအစုံကာသူ့အားညှို့ငင်နေသယောင်။

မျက်တောင်နက်လေးများကခပ်စိတ်စိတ်ဝန်းရံနေပြီး
ရွှေဝါရောင်မျက်ဝန်းမှေးမှေးလေးများကနေ့တိုင်းမြင်တွေ့နေရလျှင်တောင်မငြီးငွေ့နိုင်ပဲတစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်ချင်လောက်သည်အထိဆွဲဆောင်နိုင်လွန်းသည်။ နှာတံချွန်ချွန်သွယ်သွယ်လေးကိုသွားနှင့်တတိတိကိုက်ဆွဲချင်ပြီးတင်းတင်းစေ့ထားသည့်သွေးရောင်မရှိသည့်ဖြူဖျော့ဖျော့ထိုနှုတ်ခမ်းမထူမပါးလေးတစ်စုံကိုတစ်နေကုန်ငုံထွေးထားချင်မိသည်။ ရုတ်တရက်ကြီးပျောက်,ပျောက်မထွက်သွားနိုင်အောင်ဖြစ်နိုင်လျှင်အခန်းထဲသာသော့ခတ်သိမ်းထားချင်မိတော့၏ ။

" ကိုယ့်ကိုကြည့်လို့ဝပြီလား "

" ဦးအံ့ကနိုင်ငံကျော်မင်းသားများဖြစ်ခဲ့သလား၊ဘာလို့ဒီလောက်ထိကြည့်ကောင်းရတာလဲ "

" နိုင်ငံကျော်မင်းသားမဖြစ်ခဲ့ပေမယ့်တစ်စုံတစ်ယောက်ရဲ့အသည်းကျော်လေးတော့ဖြစ်ခဲ့ပါတယ် "

" ပဲလှော်စားပစ်မှာ၊အယ်...... "

ပြောရင်းသူတစ်စုံတစ်ခုအားသတိရသွားရသည်။
သူဟိုနေ့မနက်ကအဆက်ကလေးပြန်မဆက်လိုက်ရဘူးပဲ.....။

" ကျွန်တော်နဲ့ဦးအံ့ကအရင်အတိတ်တစ်ချိန်ကပက်သက်ခဲ့ဖူးရိုးမှန်ရင်ကျွန်တော်တစ်ခုခုမှတ်မိလာသင့်ပြီ၊ဇာတ်ကားတွေထဲမှာဆိုရင်လေနမ်းလိုက်ရင်ဖြစ်ဖြစ်၊ချစ်တင်းနှောလိုက်ရင်ဖြစ်ဖြစ်အတိတ်ကအကြောင်းတွေပြန်သတိရလာတတ်တယ်လေ၊ကျွန်တော်အခုချိန်ထိဘာမှမမှတ်မိသေးတာချစ်တင်းမနှောရသေးလို့ထင်တယ် အာ့! "

Sunshine Of My Life [ Ongoing ] Where stories live. Discover now