" မောင်ငယ် ကျောင်းသွားတော့မလို့လား "
" ဟုတ်ကဲ့မမ "
" ဂရုစိုက်သွားဦး ညဘက်အရမ်းနောက်မကျနဲ့နော် "
" ဟုတ်ကဲ့ဗျ "
" ဒါနဲ့ မနက်ဖြန်..."
" ကျွန်တော်မှတ်မိပါတယ် "
မမနှင်းကသူ့ကိုနူးညံ့စွာပြုံးပြကာခေါင်းညိတ်ပြသည်။ သူမမှတ်မိပဲနေပါ့မလား ။ မနက်ဖြန်ဖေဖေနဲ့မေမေဆုံးတာခုနစ်နှစ်ပြည့်ပြီ ။ အနာကျင်ခဲ့ရဆုံးနေ့ရက်၊မွေးဖွားပေးခဲ့တဲ့မိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရတဲ့နေ့ရက်ကိုသေသည်အထိမမေ့နိုင်ပါ ။
ထို့အပြင်နောက်သုံးနှစ်အကြာအရိပ်တကြည့်ကြည့်ဖြင့်ဂရုစိုက်ပေးခဲ့သည့်ဖွားဖွားကပါလူကြီးရောဂါဖြင့်ဆုံးပါးသွားခဲ့သည် ။ မိသားစုဝင်အကုန်လုံးကို
ဆုံးရှုံးသွားလိုက်ရပြီးကတည်းကမည်သည့်ကိစ္စမျိုးကိုမဆိုသူထူးပြီးနာကျင်မနေတော့ပါ။ အဆိုးထဲမှအကောင်းတစ်ခုကတော့မိသားစုဝင်များမရှိတော့သော်လည်းသူ့ကိုဂရုစိုက်ပေးမည့်သူများရှိနေဆဲပင်။
အိမ်ကြီးတွင်တစ်ယောက်တည်းကျန်ခဲ့မည့်သူ့အား
စိတ်မချသောကြောင့်မိသားစုအရင်းအချာနှယ်ဆက်၍ဂရုစိုက်ပေးစောင့်ရှောက်ပေးခဲ့ကြ
သည်။ ဒေါ်ကြီးငုဝါတို့ဆိုလျှင်ဇာတိမှာရွာကဖြစ်သော်ငြားဤအိမ်ကြီးတွင်နေလာရသည့်သက်တမ်းကပိုများသည်မို့သံယောဇဥ်ပိုကြသည် ။ခြံဝန်းနေရာမှသူ့အပေါ်ထပ်အခန်းရှိပြတင်းပေါက်တစ်နေရာကိုလှမ်းကြည့်လိုက်တော့သူ့ကိုရပ်ကြည့်နေသည့်ထိုသူ ။ သူဟီးခနဲရယ်ပြပြီးလက်ပြလိုက်တော့နှုတ်ခမ်းကွေးရုံတစ်ချက်ပြန်ပြုံးပြလာသည် ။ ထိုသူကတော့သူ့ရဲ့ဦးဦး ၊ သူ့ရဲ့ဦးအံ့။
ဘယ်သူမှနားမလည်သည့်သူ့အတွင်းစိတ်ကိုမပြောပြလည်းအလိုလိုသိနှင့်နားလည်ပေးသူ ။ သူ့နှလုံးသားထဲမှကွက်လပ်များကိုဖာထေးပေးခဲ့သူ ။ စိတ်ရှည်သည်းခံကာတစ်ရက်မပျက်အနားရှိနေပေးခဲ့သူ ။
ဦးအံ့သာမရှိခဲ့ပါလျှင်သူသည်မျှလောက်ထိအဆင်ပြေနေခဲ့မည်မထင် ။* ချစ်စရာကောင်းလိုက်တဲ့ဝိညာဥ်ကြီး *
.
.
.
.
.
.
.
.
.
." ဟေး နွားကိုယ်တော်တွေ! "
YOU ARE READING
Sunshine Of My Life [ Ongoing ]