" ထန်းရည်အခါးတစ်အိုးထပ်ချပေးပါဦး ဦးကြီး "
" အေး ငါ့တူရေ၊ရမယ်ဟေ့ "
" ဟေ့ကောင် မင်းသောက်တာများနေပြီ "
" အခုမှနှစ်အိုးပဲရှိသေးတာ "
" ...... "
ဟန်ဂျူဂျူကို ကျောင်းသွားချိန်ပျင်းပျင်းနှင့်ရိရိရှိကြတာကြောင့်သူတို့သုံးယောက်သားရွာထိပ်ကထန်းရည်ဆိုင်လေးဆီထွက်လာခဲ့ကြသည်။ အငယ်ဆုံးလေးက သူ့မမဆီသာသွားမယ်တကဲကဲဖြစ်နေတာကြောင့်ကျောင်းကိုဝင်ပို့ပြီးမှသူတို့သုံးယောက်အတူတူလမ်းလျှောက်ထွက်လာလိုက်ကြသည်။
ဓနိမိုးကာထားသည့်ဆိုင်သေးသေးလေးဖြစ်၍
သည်ရွာမှရွာသူရွာသားများကာနေ့လယ်နေ့ခင်း
တစ်ရေးအိပ်စက်တတ်သည့်အကျင့်လေးရှိတာကြောင့်လူအလွန်ရှင်းနေလေသည်။ထန်းရည်နှင့်ငပိ လူမသိစေနဲ့ ဆိုသည့်ဆိုရိုးစကားအတိုင်းထန်းရည်အရသာသိသွားပြီဖြစ်သည့်သူတို့သုံးယောက်ဟာတော့လက်ထဲမှပင်ချမနိုင်ကြ။ စွဲမက်ဖွယ်ကောင်းလှသည့်အရသာကြောင့်သောက်လေပိုသောက်ချင်လေဖြစ်နေကြတော့သည်။ ထိုအထဲတွင်အဆိုးဆုံးကဈာန်သုတဖြစ်ပြီးတစ်ယောက်တည်းသောက်နေသည်မှာနှစ်အိုးပင်ကုန်သွားချေပြီ ။ ဟန်သုတနှင့်နှိုင်းသုတက အရှေ့တွင်မှာထားသည့်ဘူးသီးကြော်လေးနှင့်ဆူးပုပ်ရွက်ကြော်လေးနှင့်အတူနည်းနည်းစီအရသာခံသောက်နေကြရင်းတစ်ခွက်ပြီးတစ်ခွက်အမြည်းပင်မစားမနားတမ်းသောက်နေသည့်အစ်ကိုအကြီးဆုံးကိုဝိုင်းတားနေကြသည်။ သို့သော်မနိုင်သည့်အဆုံးလွှတ်ထားလိုက်ရသည်။
" မင်းတို့...ခဏနေဦး၊ ရှူးသွားပေါက်ဦးမှာမို့ "
အရှေ့တည့်တည့်တွင်ထိုင်နေသည့်ဟန်သုတနှင့်နှိုင်းသုတကိုမကြည့်ပဲဘေးသို့လှည့်ကာလက်ညှိုးတထိုးထိုး၊အာလေးလျှာလေးဖြင့်ပြောလိုက်သူကြောင့်အမူးလွန်နေပြီဆိုတာသူတို့သိလိုက်ပြီ။ ပြီးနောက်ဖြည်းဖြည်းချင်းယိုင်တိယိုင်နဲ့ထကာခြေခွေပြီးမြေပြင်ထက်ဖုတ်ခနဲကျသည်။ သို့သော်သူတို့နှစ်ယောက်ဆွဲမထူပေး ။ အချင်းချင်းအစ်ကိုဖြစ်သူအားကြည့်၍ခွီနေကြပြီးအမြည်းလေးစားရင်းကြည့်ကောင်းနေကြသည်။
YOU ARE READING
Sunshine Of My Life [ Ongoing ]