Chapter - 27

221 10 2
                                    

" မောင့်ကိုသွယ်ဝိုက်ပြီးအဖြေပေးသွားတာ၊ဟုတ်တယ်မလား "

" အေး "

" မောင့်ကိုချစ်တယ်ဟုတ် "

" အေး "

" ဒါဆိုမောင်တို့နှစ်ယောက်ကအခုချစ်သူဖြစ်သွားပြီပေါ့ "

" အေး "

ထိုအမေးစကားကိုသာထပ်နေအောင်မေးနေသည့်နှိုင်းခန့်မောင်အားဟန်သုတသိပ်စိတ်မရှည်ချင်တော့။ သူလည်းဘာကြောင့်သည်လိုတွေပြောခဲ့မိသလဲကိုယ့်ကိုယ်ကိုပင်ပြန်နားမလည်နိုင်သေး။ သို့သော်ထိုသို့ပြောခဲ့ခြင်းကြောင့်ကိုယ့်ကိုယ်ကိုမှားသည်ဟုလည်းမခံစားရ။ လူမိုက်ကောင်နှင့်မေမေနှစ်တို့နှစ်ဦးသားပြေလည်အောင်နားချပေးနိုင်ခဲ့သလိုချစ်သူတစ်ယောက်ပါအဆစ်ရလိုက်သည့်အဖြစ်ကာမြန်ဆန်လွန်းလှတာကြောင့်ရယ်ချင်လာရသည်။

တစ်နှစ်ကျော်လောက်မူနေခဲ့သော်လည်းနောက်ပိုင်းတွင်သူ့ကိုယ်သူသေချာလာရသည်။ သူလူမိုက်ကောင်ကိုအပိုင်လိုချင်သည်။ သူမှလွဲအခြားသူများနှင့်ရယ်မောစကားပြောနေသည့်လူမိုက်ကောင်ကိုမြင်လျှင်အလိုမကျဖြစ်ရသည်၊အကြောင်းရင်းမရှိစိတ်ဆိုးမိသည်၊လူမိုက်ကောင်ဝမ်းနည်းသည့်အခါ၊နာကျင်တာမြင်ရသည့်အခါတွင်လည်းထပ်တူနာကျင်ရသည်။ မနူးညံ့တတ်ပါသော်လည်းလူမိုက်ကောင်နှင့်ဆိုလျှင်သူကြိုးစားကြည့်ချင်သည်။ သူ့ဆုံးဖြတ်ချက်အားသူနောင်တရလိမ့်မည်မဟုတ်။

" မောင့်ပါးကိုနမ်းသွားသေးတာနော်၊အခုရော အဲ့လိုလေးနမ်းပေးပါဦး "

" ခွေးစကားတွေပြောနေပြန်ပြီ "

သူတို့နှစ်ဦး၏ယခုလက်ရှိအနေအထားကာအလွန်နီးကပ်နေပြီးပြုံးတုံ့တုံ့ဖြင့်ပါးတစ်ဖက်အားလက်ညှိုးလေးဖြင့်ထောက်ပြကာအနမ်းတစ်ပွင့်လက်ခံတောင်းယူနေသည့်လူမိုက်ကောင်ကြောင့်ရှက်ကိုးရှက်ကန်းဖြင့်တွန်းဖယ်လို့ထပြေးရန်လုပ်မိသည်။ သို့သော်လူမိုက်ကောင်ကာအလွတ်မပေး။ လက်တစ်ဖက်အားဆွဲယူကာပြန်ထိုင်စေသည်။ ထိုအခိုက်သူ့လက်အားဆွဲယူလိုက်သည့်လူမိုက်ကောင်၏လက်ဖမိုးထံအကြည့်ရောက်မိသွားရတော့သူစိတ်အလိုမကျစွာမျက်ခုံးတွန့်ချိုးလိုက်မိ၏ ။သည်လူမိုက်ကောင်ကာဘယ်သူ့ရဲ့သွားရာကိုတက်တူးပါထိုးထားပါသလဲ။ ဘယ်လောက်တောင်ချစ်ခဲ့လို့အမှတ်အသားအဖြစ်ထားထားပါသလဲ။ ဒါဆိုသူ့အရှေ့မှာတစ်ယောက်ယောက်ရှိခဲ့တာသေချာပြီ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now