Chapter - 6

671 27 4
                                    

" ကလေးကငယ်ငယ်လေးရှိသေးတာကို၊ကံဆိုးလိုက်တာနော် "

" ကလေးကချစ်စရာလေးကိုမိဘမဲ့လေးဖြစ်သွားရပြီ ၊သနားလိုက်တာကွယ် "

" မိဘတွေမရှိပဲနေရတော့မှာအရမ်းခက်ခဲနေမှာပဲ"

တစ်ဖက်ထောင့်တွင်တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေရင်းမီးသဂြိုဟ်သည့်နေရာသို့လာရောက်ပို့ဆောင်ပေးကြသောလူကြီးများ၏စကားသံများကိုသူအတိုင်းသားကြားနေရသည် ။ ထိုစကားတွေကသူ့အဖို့စိတ်သက်သာရာမရစေသည့်အပြင်ပို၍စိတ်အားငယ်သွားအောင်ထိုးနှက်နေကြသည်နှင့်ပင်တူသည် ။ ဖွားဖွားကလာရောက်ပေးကြသောဧည့်သည်များကိုစကားပြောဆိုဧည့်ခံပေးနေပြီးမမနှင်းမှလွဲ၍အိမ်ရှိသူအကုန်လုံးမှာအလုပ်များနေလျက် ။

" မောင်ငယ်၊ ဦးဦးနဲ့ဒေါ်ဒေါ်မရှိတော့ပေမယ့်မမတို့ကမောင်ငယ့်အနားမှာအမြဲရှိနေမှာကိုသိတယ်ဟုတ် "

ဟန်ဂျူဂျူကို၏အနားသို့လာထိုင်ပြီးခေါင်းလေးအားပုတ်ပေးကာအေးချမ်းသောအပြုံးလေးဖြင့်လာရောက်နှစ်သိမ့်ပေးသည့်မမနှင်းအားဟန်ဂျူဂျူကို
အသာခေါင်းညိတ်ပြလိုက်သည် ။ သူစကားပြောရန်အားမရှိသလိုဘယ်သူနဲ့မှလည်းပြောချင်စိတ်မရှိနေပါ ။ မမနှင်းကသူ့ကိုနားလည်စွာဘာမှဆက်မပြောပဲအနားတွင်တိတ်တိတ်ဆိတ်ဆိတ်ပင်ထိုင်နေပေးသည် ။

နှင်းသူ့အရှေ့မှမောင်ငယ်လေးကိုကြည့်ရင်းရင်မောလှသည် ။မိဘများဆုံးသည်ကိုသိသည့်အချိန်မှစ၍
အသိစိတ်ကပ်မနေသည့်သူတစ်ဦးနှယ်မှိုင်တွေငေးနေတတ်သည်။ဆေးရုံတွင်အကြီးကျယ်ငိုပြီးတစ်ခါကတည်းကသူမဟုတ်တော့သည့်နှယ်အလွန်ငြိမ်ကျသွားတာကြောင့်သူ( မ )စိုးရိမ်လှသည် ။
စိတ်ပင်ပန်းမှုများကြောင့်ထင်အစားပင်သိပ်မစားတော့သောကြောင့်အနည်းငယ်ပိန်ကျသွားပြီးမျက်နှာလေးမှာအတော်ကိုချောင်ကျသွားသည် ။ မွေးကင်းစအရွယ်မှစ၍သူ့မျက်စိရှေ့တွင်ပင်တရွေ့ရွေ့ကြီးပြင်းလာသည့်ကလေးကိုမောင်နှမအရင်းချာနှယ်နှင်းချစ်ခင်မိသည် ။

ခဏအကြာဦးဟန်မျိုးသူနှင့်ဒေါ်ဂျူဂျူမိုး၏အသက်မဲ့နေသည့်ခန္ဓာကိုယ်များအားမီးသဂြိုဟ်တော့မည်ဖြစ်တာကြောင့်ဟန်ဂျူဂျူကိုအားနောက်ဆုံးဦးချကန်တော့ဖို့ရန်နှင့်နှုတ်ဆက်ရန်လာရောက်ခေါ်ကြသည် ။ ထို့နောက်မီးတဟုန်းဟုန်းဖြင့်လောင်ကျွမ်းသွားပြီဖြစ်သောမိဘများ၏ခန္ဓာကိုယ်များအားကြည့်ရင်းသူ့ရင်ထဲတွင်ထပ်တူမီးတောက်လောင်လျက်.......။
.
.
.
.
.
.
.
.

Sunshine Of My Life [ Ongoing ] Where stories live. Discover now