Chapter - 21

412 10 2
                                    

" ဟိုမှာထိုးနေကြပြီဟ၊ဆွဲလို့မနိုင်တော့ဘူး၊လာဝိုင်းဆွဲကြဦး "

ကျောင်းဝင်းအတွင်းသို့ဝင်ဝင်ချင်းပင်တတိယနှစ်မှ
စီနီယာအစ်ကိုကြီး၏အသံကြောင့်အတူလမ်းလျှောက်လာသည့်ဟန်ဂျူဂျူကို၊ဈာန်သုတနှင့်ဟန်သုတတို့သုံးယောက်သားစိတ်ဝင်တစားဖြစ်ကာလိုက်သွားသည်။ရန်ပွဲမှာအတော်ကြီးပုံရပြီးဝိုင်းမဆွဲရဲပဲဘေးတွင်ရပ်ကြည့်နေသူတို့ကခပ်များများ။သုံးယောက်နှင့်တစ်ယောက်ချနေကာလေးယောက်လုံးကကိုယ်စီအထိနာနေကြသည်။ပိုဆိုးသည်ကတစ်ယောက်တည်းချကာမိုက်လုံးကြဲနေသူကအတန်းမှလူမိုက်ကောင်နှိုင်းခန့်မောင်ပင်။ကျန်တစ်ဖက်သုံးယောက်ကဒုတိယနှစ်မှတေလေဂျပိုးများဖြစ်ကာနှိုင်းခန့်မောင်လက်စွမ်းကြောင့်မျက်နှာများမှာအတော်ပင်ဖူးယောင်ကုန်လေပြီ။နှိုင်းခန့်မောင်သည်ပင်နားထင်စပ်နားမှသွေးစီးကျ၍နေပြီးပါးတစ်ခြမ်းယောင်ကာလက်ဆစ်များလည်းပွန်းပဲ့၍နေသည်။

" သောက်သတ္တိရှိရင်ပါးစပ်သရမ်းပြီးအုပ်စုဖွဲ့ကိုက်နေမယ့်အစားသတ္တိရှိရှိတစ်ယောက်ချင်းစီလာ "

" အမှန်တိုင်းပြောလို့နာနေတဲ့ခွေးကများ "

" အဲ့ဒါမင်းတို့သောက်လုပ်လား၊ကိုယ့်ထမင်းကိုယ်စားပြီးသောက်ဇယားလာမရှုပ်နဲ့ "

" မုဒိန်းကောင်ရဲ့သား "

" xီး !!"

တစ်ယောက်တစ်ဖက်စီငြိမ်ကျသွားသလိုနှင့်ပြန်၍တစ်ဖန်ပြန်ထိုးကြတော့မည့်ပုံကြောင့်စီနီယာကြီးမှဝိုင်းထိန်းကြရပြန်သည်။ ဈာန်သုတကလည်းအမြန်ပြေးကာသစ်သားတုတ်ချောင်းကိုင်ပြီးရိုက်မည်ပြင်နေသည့်နှိုင်းခန့်မောင်ကိုပြေးဆွဲသည်။အားသန်သည့်သူကြောင့်နှစ်ယောက်ဝိုင်းထိန်းတာတောင်ရုန်းထွက်ကာတစ်ဖက်မှရန်ဖက်ကိုတုတ်ဖြင့်ရအောင်လှမ်းရိုက်သည်။တစ်ဖက်သူမှာလည်းအီစိမ့်နေအောင်အရိုက်ခံလိုက်ရသလိုရှိပြီးသားဒဏ်ရာများနှင့်ပေါင်းကာထမလာနိုင်တော့။

" ဟန်သုတ မင်းသွားထိန်းလေ "

" သူဒီလောက်အားသန်တာ၊အလကားနေငါ့ကိုလာထိုးဦးမယ် "

Sunshine Of My Life [ Ongoing ] Where stories live. Discover now