Chapter - 23

308 16 6
                                    

သည်နေ့အတန်းနားသည်မို့ဟန်ဂျူဂျူကိုနေမြင့်မှနိုးထလာတော့မနက်ဆယ်နာရီပင်ထိုးပြီးချေပြီ။ နောက်ကျိနေသည့်ခေါင်းနှင့်အတူမနေ့ညကဘယ်လိုအိပ်ခန်းထဲရောက်လာကာသူ့သူငယ်ချင်းတွေဘယ်အချိန်ပြန်ကုန်သလဲလည်းသူမသိ။ စောင်ကိုဖယ်ကာခန္ဓာကိုယ်မှအဝတ်အစားများကိုပြန်ငုံ့ကြည့်လိုက်တော့မနေ့ညမွေးနေ့တုန်းကဝတ်ထားသည့်အဝတ်အစားများဟုတ်မနေပါပဲသက်တောင့်သက်သာဖြင့်ပေါ့ပါးလှသည့်ညအိပ်ဝမ်းဆက်လေးဖြစ်သည်။ ပျင်းပျင်းနှင့်ရိရိရှိလှသည်မို့အိပ်ရာမှချက်ချင်းမထသေးပဲဟိုဘက်လှိမ့်သည်ဘက်လှိမ့်ရင်းကုတင်ထောင့်စွန်းခေါင်းရင်းတွင်ရှိနေသည့်ဦးအံ့လက်ဆောင်ပေးထားသည့်ဘဲထော်ရုပ်အဝါရောင်လေးကိုမြင်တော့ကိုယ်တိုင်ပင်ဂရုမပြုမိပါပဲပြုံးလိုက်မိသည်။ ဆံပင်စုတ်ဖွားလေးဖြင့်ထထိုင်လိုက်တော့သူ့ကိုယ်တစ်ဝက်ရှိသည့်ဘဲရုပ်လေးဖြင့်အရွယ်ချင်းတူသွားတော့သည်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်အားရပါးရဖျစ်ညှစ်ပစ်လိုက်ပြီးပျော့ပျော့အိအိလေးမို့ဖက်မဝဖြစ်နေတော့သည်။

" ဆိုတော့...မင်းကိုနာမည်ဘယ်လိုပေးရင်ကောင်းမလဲ "

" ....... "

" ဦးအံ့ရဲ့ပထမဆုံးပေးဖူးတာလေးမို့မင်းကငါ့အတွက်အရမ်းကိုမှအဖိုးတန်တယ်ဆိုတာသိရဲ့လား "

" ...... "

" မင်းရုပ်ကြီးကအဲ့လောက်ထိချစ်စရာမကောင်းပါဘူး၊ဦးအံ့ပေးလို့သာငါမင်းကိုချစ်တာသိသလား "

" ...... "

ပြန်ဖြေဆိုခြင်းမရှိသည့်အရုပ်လေးကိုတစ်ဦးတည်းစကားထိုင်ပြောရင်းအူမြူးနေမိသည်။

" Ducky ကိုမြန်မာမှုပြုမယ်ကွာ၊မင်းကိုဒန်ကီလို့ခေါ်မယ်၊အင်း..... ရုပ်ဆိုးဒန်ကီ၊ဒန်ကီရုပ်ဆိုး "

" ..... "

" ရုပ်ဆိုးဒန်ကီလေး၊မင်းကိုနည်းနည်းချစ်လိုက်တာကွာ "

အများကြီးချစ်တယ်ဟုသူမပြော၊သူအများကြီးချစ်တာတစ်ဦးတည်းသာရှိသည်.....။

ဒေါက်....ဒေါက် ( တံခါးခေါက်သံ )

" သားဂျူ နိုးပြီလား "

Sunshine Of My Life [ Ongoing ] Where stories live. Discover now