Chapter - 14

443 13 0
                                    

" အိုက်ယား ချီးလိုကောင် "

မျက်လုံးကမပွင့်ခင်ပါးစပ်ကအရင်ပွင့်နှင့်ကာမျက်ခုံးများတွန့်ချိုးပြီးစူပုပ်ပုပ်ဖြင့်နိုးလာသည့်ကလေးပေါက်ကိုအံ့မှိုင်းညီထိုင်ကြည့်နေသည်မှာညကတည်းကဖြစ်သည်။ အိမ်သို့ခေါ်လာပြီးနာရီပိုင်းလောက်အကြာသတိပြန်လည်လာပြီးအန်ချကာပြန်အိပ်သွားသောသူကယခုနေမြင့်ချိန်မှတဖန်ပြန်နိုးလာသည်။မျက်လုံးများအားပွတ်ကာငေါက်ခနဲထထိုင်လိုက်တော့ဆံပင်တွေကဟိုတစ်စဒီတစ်စထောင်ကာဖွာလန်ကြဲနေသည်။

" ဟော ဦးအံ့! မင်္ဂလာမရှိတဲ့မနက်ခင်းလေးပါခင်ဗျာ "

" ....... "

" အာ ခေါင်းကအရမ်းကိုက်နေတယ် ဟဲဟဲ"

မျက်ခုံးများစုကျုံ့ထားပြီးနားထင်နေရာကို
လက်နဲ့ဖိလို့ငြီးငြူနေရင်းသူ့ကိုရယ်ပြဖို့လည်းမမေ့မလျော့။

" ကိုယ်မရောက်လာရင်ဘာဖြစ်သွားမလဲတွေးမိသလား "

" လူပျိုဘဝပျက်မှာပေါ့ဗျာ "

" သိသားပဲ "

" ကျွန်တော်ကပိုလန့်တာဗျ၊ ဦးအံ့ကလည်းလေသံမာမနေနဲ့လို့ ကောင်းကောင်းပြော ကောင်းကောင်းပြော "

" ကိုယ်ဘာမှမပြောရသေးဘူးလေ "

" အဲ့လူကလိင်တူဆက်ဆံရတာကိုရူးသွပ်နေတဲ့သူဆိုပြီးနာမည်ထွက်နေတာ၊ ကျွန်တော်ရှောင်ထွက်ဖို့ကြိုးစားပေမယ့်သူကလျင်သွားတာ "

" အဲ့ဒါတင်မကဘူး၊သူဘာတွေလုပ်တတ်သေးသလဲဆိုတာသိလား "

" ဟင့်အင်း "

" သူလူသတ်လာတာအသေးလေးအသက်နီးပါးပဲ "

" ဗျာ!! "

ဟန်ဂျူဂျူကို ခေါင်းကိုက်ချင်ပါပြေသွားရကာမျက်လုံးများပြူးပြီးအလန့်တကြားအော်လိုက်မိသည်။ ဦးအံ့ကတော့မထူးဆန်းသည့်နှယ်အေးအေးဆေးဆေးပင်။

" ဒါဆိုရဲတိုင်ရမှာမဟုတ်လား "

" လွယ်ရင်မိတာကြာပေါ့ "

ဟန်ဂျူဂျုကို ခေါင်းအောက်စိုက်၍ဘာမှပြန်မပြောနိုင်တော့။ တစ်ခုခုကိုဆိုလျှင်ငွေနှင့်သာကိုင်ပေါက်ဖြေရှင်းတတ်တဲ့သူ၊ငွေသာရှိလျှင်တရားဥပဒေကိုတောင်ပြန်လွှမ်းမိုးနိုင်တဲ့ခေတ်ကြီးထဲမှာသူဘာတွေမျှော်လင့်နေပါသလဲ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now