Chapter - 31

195 11 4
                                    

လေးနှစ်ကြာပြီးသောအခါ...........။

" ဆရာလေး ဘာတွေလုပ်နေတာတုန်း၊ပင်ပန်းတော့မှာပဲကွယ် "

" အိမ်နောက်ဖေးမယ်ရေချိုးဖို့ရေကုန်သွားပြီမို့ပါဒေါ်ကြီးရ "

" ဒါဖြင့်ရင်တစ်ယောက်ယောက်ကိုခပ်ခိုင်းမှပေါ့၊လက်နုနုလေးတွေနာကုန်ရင်ခက်ကုန်တော့မယ် "

" ရပါတယ်ဗျာ "

နေရောင်နွေးမြမြအောက်တွင်လှုပ်လှုပ်ရှားရှားလုပ်ထားသည်ကြောင့်နဖူးပြင်ကျဥ်းကျဥ်းလေးထက်ချွေးများစို့နေပြီးအပေါ်ပိုင်းဗလာဖြစ်နေသည့်ခန္ဓာကိုယ်လေးတစ်လျှောက်ချွေးများစီးကျ၍နေ၏ ။ ရေပုံးဆွဲထားသည့်ကြည်လင်ဝင်းလက်နေသည့်လက်တစ်ဖက်ကာအကြောစိမ်းစိမ်းဖိန့်ဖိန့်လေးများထင်းနေပြီးလက်မောင်းကြွက်သားသေးသေးလေးများဟာလည်းဆွဲကိုက်ချင်စရာအတိ။

" ဆရာလေးလည်းအစားများများစားပါဦး၊ဒီရွာမှာကလေပြင်းခဏခဏတိုက်နေတတ်တာရော်၊လွင့်ပါသွားရင်ခက်ကုန်ပါ့မယ် "

အသံစွာစွာ၊ဝဝဖိန့်ဖိန့်အဒေါ်ကြီး၏ခပ်နောက်နောက်စကားလေးကြောင့်ဆရာလေးဆိုသူမှာခေါင်းလေးငုံ့ကာရယ်လိုက်လေတော့သွားတန်းဖြူဖြူလေးများနှင့်နဂိုချောလှသည့်မျက်နှာလေးကာအကြည့်မလွှဲနိုင်အောင်ဖြစ်သွားရသည်။

အပြုံးလေးမှာအလွန်လှသလိုတစ်ချိန်တည်းတွင်ပင်နေရောင်ခြည်ကဲ့သို့နွေးထွေးလှသည်။ ထို့နောက်ဆရာလေးဆိုသူမှာအဒေါ်ကြီးအားနှုတ်ဆက်၍အနည်းငယ်ဆွေးမြည့်ယိုင်ကာယိုင်နဲ့နဲ့ဖြစ်နေသည့်သစ်သားအိမ်ဟောင်းလေး၏အနောက်ဘက်သို့ဝင်သွားလေသည်။ ဆွဲလာသည့်ရေပုံးမှရေများကိုရေစည်ထဲလောင်းထည့်လိုက်ကာရေပုံးအားဘေးတွင်ဖြည်းညင်းစွာပြန်ချလိုက်၏ ။

ပြီးနောက်သံစတီးရေခွက်လေးဖြင့်ရေခပ်၍ဦးခေါင်းမှစကာရေလောင်းလိုက်ရင်း၊အအေးဓာတ်လေးအားခံစားရင်းမျက်နှာထက်တွင်စောနမှလိုနွေးထွေးသည့်အပြုံးလေးများရှိမနေတော့ပါပဲသံစတီးရေခွက်လေးထဲမှရေများကဲ့သို့အေးစက်တည်ငြိမ်နေလျက်...... ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now