Chapter - 10

577 22 0
                                    

" ဟက်ချိုး! "

" ဟက်ချိုး! တစ်ရှူးပေးပါဦး ဦးအံ့ "

ဟန်ဂျူဂျူကို မနေ့ကနေပူထဲတွင်သွားလာတာများသွား၍ထင်။ သည်နေ့ကျအိပ်ရာထဲမှပင်မထနိုင်ပဲခေါင်းများအုံခဲနေကာဖျားသွားလေပြီ။လည်ချောင်းများနာကာအသံပင်ပျောက်လုနီးပါး။

" အသေးလေး ထဦး၊ စွပ်ပြုတ်လာထသောက်၊ ပြီးရင်ဆေးသောက်ရမယ် "

" နိုး နိုး "

ဆေးသာအထိုးခံလိုက်မည်။ဆေးသောက်ရမည်ကို
အလွန်ကြောက်သောဟန်ဂျူဂျူကိုကအကြောက်အကန်ငြင်းသည်။ သူအောက်မဆင်းနိုင်တာကြောင့်ကြီးကြီးငုဝါကစွပ်ပြုတ်ပူပူနွေးနွေးချက်ပေးကာ
ဆေးများဝယ်ပြီးထားသွားပေးသည်။သို့သော်သူထိတောင်မထိဖြစ်။

" ကလေးလည်းမဟုတ်ဘူး၊ လာပါ ဆေးသောက်မှဖြစ်မယ် "

" ဒါဆိုဦးအံ့မှာကလေးရှိနေပြီလား "

" ဘယ်လို "

နှာစီးနေတာကြောင့်နှာသံပေါက်နေသည့်အသံတိုးတိုးလေးဖြင့်ပြောလာတော့အံ့မှိုင်းညီကရုတ်တရက်
နားမလည်ပဲကြောင်သွားသည်။

"  ကျွန်တော်မဟုတ်တဲ့တခြားကလေးရှိနေပြီလားလို့!
ကလေးကကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးလားလို့! "

" ကလေးကအသေးလေးအပြင်ဘယ်သူရှိရမှာလဲ "

" ကျွန်တော်မရှိချိန်ပျောက်ပျောက်သွားပြီးတခြားကလေးတွေဆီရောက်နေတာမလား "

" မဟုတ်ရပါဘူးကွာ "

" လိမ်တယ် "

" မလိမ်ရပါဘူး ၊ အခုတော့စွပ်ပြုတ်လေးသောက်ပြီးဆေးအရင်သောက်မှဖြစ်မယ်၊ အဖျားအရမ်းကြီးနေပြီ "

" နိုး "

ဟုပြောကာအံ့မှိုင်းညီကိုကျောခိုင်းလို့တစ်ဖက်သို့လှည့်သွားသောကလေးပေါက်ကိုကြည့်ရင်းပြုံးမိသည်။
နေမကောင်းလျှင်အခြားအချိန်တွေထက်ပိုရစ်တတ်ပြီးစိတ်အလိုမကျတတ်သည်မှာငယ်စဥ်က​တည်းကအတိုင်းမပြောင်းလဲပေ။ ရာသီဥတုပူပူလောင်လောင်ကြီးထဲတွင်ချမ်းသည်ဆိုကာဂွမ်းစောင်ထူထူကြီးဖြင့်အိပ်နေသောသူကအဖျားအလွန်ကြီးနေလေပြီ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now