Chapter - 36

176 7 6
                                    

တံခါးဝတွင်ရပ်နေသည့်သူငယ်ချင်းသုံးဦးနှင့်ညီမဖြစ်သူကိုမြင်လိုက်ရချိန်သူခေတ္တမျှဆွံ့အသွားသည်။ သူ့အားကြိုအသိမပေးထားကြပါသလိုရုတ်ချည်းရောက်ချလာသူများကြောင့်တအံ့တဩဖြင့်ငေးကြည့်နေမိသည်။

" ဟန်ဂျူကို့အသိတွေလား "

မြတ်နှိုင်းမာန်ကအရှေ့မှကောင်ကလေး၏လက်အားလွှတ်ပေးရင်းမေးလိုက်တော့မေးစေ့ညာဘက်ထောင့်နားလေးတွင်မှဲ့သေးသေးလေးရှိသည့်ကောင်လေးကမျက်မှောင်ကျုံ့၍ခေါင်းငြိမ့်ပြလာသည်။ သည်ကောင်လေးသူ့လက်နာသွား၍စိတ်မကြည်ဖြစ်သွားပုံပင်။ ရွာဆီသူစိမ်းတွေဝင်လေ့မရှိတာကြောင့်ရုတ်တရက်မျက်နှာစိမ်းများမြင်လိုက်ရတော့သူစိုးရိမ်စိတ်အလျောက်လုပ်လိုက်မိခြင်းသာ။ ထို့ကြောင့်အရှေ့မှကောင်လေးအားအနူးညံ့ဆုံးပြုံးပြလိုက်ပြီး.....

" အစ်ကိုတောင်းပန်ပါတယ် ညီ ၊ လက်ကအရမ်းနာသွားတာလား "

" မတောင်းပန်နဲ့၊ကျိုးသွားပြီ "

ဘုကလန့်ပြန်ဖြေလာသည့်အဖြေစကားကြောင့်သူရယ်လိုက်မိ၏ ။ တကယ်ကလေးဆန်သည်။

" အစ်ကိုဂျူ "

အခြေအနေကကောင်းသွားပြီဖြစ်တာကြောင့်ဘေးတွင်ရပ်နေသည့်အိန္ဒြေလင်းလက်မှအစ်ကိုဖြစ်သူထံပြေး၍သွားပွေ့ဖက်သည်။

အရင်ကလာဖက်လျှင်ရင်ဘတ်နားလောက်သာရှိသည့်ကောင်မလေးကအခုတော့သူနှင့်အရွယ်မတိမ်းမယိမ်းဖြစ်နေပြီ ။ ဆယ့်ခြောက်နှစ်ပြည့်ပြီးပြီဖြစ်သည့်နှမငယ်လေးကအတော်လေးလည်းထွားလာသလိုအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးပင်ဖြစ်နေပြီ။ ဆံပင်ရှည်လေးများဟာအရင်အတိုင်းဖြစ်သော်လည်းအရင်အတိုင်းမဟုတ်တော့သည်ကဝတ်စားဆင်ယင်မှုပါပင်။ အရှေ့တွင်လင်းယုန်ငှက်ပုံပါသည့်အနက်ရောင်လက်တိုရှပ်အင်္ကျီနှင့်အနက်ရောင်စတိုင်ပန့်ဘောင်းဘီရှည်ဝတ်ထားသလိုဆံပင်ရှည်များကအနောက်သို့သိမ်း၍စည်းထားသည်ကြောင့်အသံသာမကြားရလျှင်ယောင်္ကျားပျိုလေးဟုနှင့်ပင်အမှတ်မှားနိုင်သည်။

ဟန်ဂျူဂျူကို မရှိသည့်နောက်ပိုင်းသူငယ်ချင်းသုံးယောက်နှင့်အတူဖေကြီး၊မေကြီး၊ကြီးကြီးငုဝါတို့ကသေချာဂရုစိုက်ပေးခဲ့ကြပြီးတစ်နေ့တစ်ခြားထွားလာသည့်ညီမဖြစ်သူကမိန်းကလေးတစ်ယောက်ကဲ့သို့နူးညံ့သိမ်မွေ့စွာလှပလာသည်ထက်ယောင်္ကျားပျိုတစ်ဦးကဲ့သို့တည်ငြိမ်ခံ့ညားစွာအရွယ်ရောက်လာခြင်းဖြစ်သည်။

Sunshine Of My Life [ Ongoing ] Where stories live. Discover now