Chapter - 1

2K 48 2
                                    

အူဝဲ.....အူဝဲ......အူဝဲ

အချိန်ကားညဥ့်နက်သန်းခေါင်ယံ ည ၁၂ နာရီ ။

မှောင်မိုက်နေသောကောင်းကင်ပြင်ကြီးတွင်ကြယ်ရောင်မှိန်ပျပျများနှင့်အတူဖြူဖြူစင်စင်လမင်းကြီး၏အလင်းရောင်မှာ
ဖြာကျလို့နေသည် ။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်
လေပြည်ညင်းများတစ်ချက်ချက်တိုက်ခတ်သောကြောင့်လှုပ်ရှားသွားသောသစ်ပင်မှသစ်ရွက်တိုက်သံလေးများသာကြားရသည် ။ ထိုသို့ငြိမ်သက်တိတ်ဆိတ်ခြင်းနဲ့ဆန့်ကျင်စွာ
ခမ်းနားလှသောအိမ်ကြီးတစ်အိမ်ရှိလူများမှာတော့လမင်းကြီးကဲ့သို့ငြိမ်သက်စွာမရှိနိုင် ၊ လေပြည်တိုက်၍လည်းမအေးနိုင်ပဲရှိနေတော့သည် ။

ထိုသို့မငြိမ်သက်မအေးဆေးနိုင်ကြသည့်အကြောင်းရင်းမှာ
ဤနေ့ဤအချိန်အခါတွင်ဤကမ္ဘာမြေပေါ်သို့အဖိုးတန်လူသားငယ်လေးတစ်ယောက်ခြေချ၍ရောက်ရှိလာပြီမဟုတ်ပါတကား.........။

ခမ်းနားမြိုင်ဆိုင်လှသည့်အိမ်ကြီး၏အခန်းတစ်ခန်းထဲတွင်
မိသားစုဆရာဝန်တစ်ဦး ၊ သူနာပြုတစ်ဦးနှင့်အိမ်အကူအမျိုးသမီးများမှာမအားလပ်နိုင်အောင်ဖြစ်နေကြသည် ။
အခန်း၏အပြင်ဘက်တွင်တော့အသက်လေးဆယ်ကျော်အရွယ်ရှိဥပဓိရုပ်ကောင်းလှသည့်အမျိုးသားတစ်ဦးမှာလမ်းခေါက်တုံ့ခေါက်ပြန်လျှောက်၍နေပြီးအသေချာကြည့်ပါကထိုအမျိုးသား၏မျက်ဝန်းအစုံတွင်စိုးရိမ်ပူပန်မှုများအားအထင်းသားမြင်တွေ့နိုင်သည် ။

" သားရယ် ငြိမ်ငြိမ်ထိုင်စမ်းပါဦး ၊ အမေဖြင့်မူးလို့ဟယ် "

" အမေကလည်းဗျာ ကျွန်တော့်ဇနီးနဲ့ကလေးဘယ်လိုရှိသလဲဘာမှတောင်မသိရသေးတာ ကျွန်တော်ဘယ်လိုငြိမ်နေနိုင်မလဲ "

" နင့်ကလေးအသံဒီလောက်အောင်အောင်မြင်မြင်ကြီးထွက်လာတာ အမေ့ကိုယုံစမ်းပါ ငါ့မြေးရောချွေးမရောဒီအသံအရဆိုအေးဆေးပဲ "

မိခင််ဖြစ်သူမည်သို့ပင်ဆိုပါစေ ၊ ဟန်မျိုးသူမှာတစ်မိနစ်ပင်အငြိမ်မနေနိုင်ပါ ။ ပထမဆုံးရင်သွေးလည်းဖြစ်သလိုဒီအရွယ်မှရတဲ့ကလေးမို့သူစိုးရိမ်နေမိသည် ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now