သောကြာနေ့မနက်ခင်းပင်ရောက်ချေပြီ ။
ဟန်ဂျူဂျူကိုသည်နေ့အိပ်ရာမှစောစောထကာရေမိုးချိုးကိုယ်လက်သန့်စင်ကာမွှေးပျံ့အောင်ဖြီးလိမ်းထားပြီးကျောင်းယူနီဖောင်းဝတ်စုံကိုသေချာသပ်ရပ်အောင်ဝတ်ထားရင်းဖေဖေနှင့်မေမေကိုစောင့်နေခဲ့သည် ။သည်နေ့ကသူ့အတွက်နေ့ထူးလေးမဟုတ်ပါလား ။ဖေဖေနဲ့မေမေပြန်လာရင်သူ့အတွက်ပုံပြင်စာအုပ်တွေအများကြီးပါလာမည်ကိုတွေးရင်းလည်း
မျက်နှာမှအပြုံးများမှာအတောမသတ်နိုင် ။ပျော်စရာတစ်ခုခုရှိလျှင်ကောင်းကောင်းအိပ်မပျော်တတ်သည့်ဗီဇလေးတစ်ခုရှိတာကြောင့်ဘယ်သူမှမနိုးခင်သူအရင်ဆုံးနိုးနေခဲ့သည် ။ သူ့အတွေးထဲတွင်ယနေ့အတွက်အစီစဥ်များလည်းကြိုပင်ဆွဲနှင့်ပြီးနေပြီ ။ဖေဖေနဲ့မေမေလာရင်ပြေးဖက်မယ် ။ ဆုယူရင်းစင်အောက်ကဖေဖေနဲ့မေမေ့ကိုသူများတွေမြင်အောင်နှုတ်ဆက်ပြမယ် ။သူငယ်ချင်းတွေကိုမိတ်ဆက်ပေးမယ် ။ ဓာတ်ပုံတူတူတွဲရိုက်ကြမယ် ။ အိမ်ပြန်ရောက်ရင်ပုံပြင်စာအုပ်တွေအများကြီးဖြည်ပြီးညနေဘက်ကျရင်ဦးဦးနဲ့အတူဖတ်မယ် ။ ညကျရင်ဖေဖေနဲ့မေမေကိုအကြာကြီးဖက်ပြီးကျေးဇူးတင်ကြောင်း၊ချစ်ကြောင်းပြောမယ် ။
သူ့အတွေးများနဲ့သူပြုံးလို့ပျော်နေမိစဥ်အနောက်မှချောင်းဟွန့်သံတစ်ခုကအခြားကမ္ဘာတွင်ပျော်မွေ့နေသောသူ့ကိုဆတ်ခနဲဆွဲလှန့်လိုက်သည့်နှယ် ။
" ပြီးရင်အောက်ထပ်ဆင်းတော့ "
ကုတင်ဘေးစွန်းလေးတွင်ထိုင်ကာသူ့ကိုဘယ်အချိန်ကတည်းကစောင့်ကြည့်နေသလဲမသိ ။ ဦးဦးမျက်နှာမှာတည်လွန်းလှပြီးစိတ်ဆိုးနေသည်လည်းမဟုတ်သလိုပျော်နေသည်လည်းဟုတ်မနေပြန်ပါ ။ မျက်ဆံအဝါနှင့်မျက်ဝန်းအစုံမှာမျက်တောင်ပင်ခတ်မနေပါပဲသူ့ကိုသာစိုက်ကြည့်နေလေတော့ဟန်ဂျူဂျူကိုနည်းနည်းပင်လန့်သွားသလိုလို ။ အမြဲတမ်း
အင်္ကျီရှည်၊ဘောင်းဘီရှည်အနက်သာဝတ်ဆင်ထားလေ့ရှိသလိုဖြူဖပ်ဖြူရော်အသားအရေများ
နှင့်ပေါင်းစပ်လိုက်သောအခါယမန်ညကနားထောင်ခဲ့ရသည့်ပုံပြင်ထဲကဗန်ဗိုင်းယားဘုရင်ကြီးကဦးဦးကိုယ်တိုင်လိုပင် ။
YOU ARE READING
Sunshine Of My Life [ Ongoing ]