Chapter - 35

164 8 4
                                    

" ဦးအံ့ ၊ ကျွန်တော်ဦးအံ့ကိုစောင့်နေခဲ့တာ "

" ကျွန်တော်နဲ့တူတူပြန်လိုက်ခဲ့ပါ "

" ကျွန်တော်ဦးအံ့ကိုအရမ်းချစ်တယ် "

" ဦးအံ့ရှိနေခဲ့တာကျွန်တော်သိသားပဲ "

" ကျွန်တော့်ကို​ခေါ်ပါ၊မထွက်သွားပါနဲ့၊ကျေးဇူးပြုပြီး...ဒီတစ်ခါတော့ထပ်မထွက်သွားလိုက်ပါနဲ့၊ "

" ဦးအံ့!!!! "

နိမ့်ချည်မြင့်ချည်မြန်ဆန်စွာလှုပ်ရှားနေသည့်ရင်ဘတ်အစုံနှင့်အတူချွေးများစိုရွှဲလျက်မောဟိုက်စွာသူနိုးလာရသည်။

ခွေးများ၏ဆွဲဆွဲငင်ငင်အူသံများနှင့်အတူမှောင်မိုက်ကာအလင်းဟူ၍တစ်စက်မရှိသည့်ညဥ့်နက်သန်းခေါင်ယံအချိန်ဖြစ်သလိုဘေးမှဓာတ်မီးလေးဖြင့်တိုင်ကပ်နာရီဝိုင်းရှိရာချိန်ရွယ်အလင်းပေးကာထိုးလိုက်တော့ ညဆယ့်နှစ်နာရီခွဲသာရှိသေး၏ ။ နားသယ်စပ်နားမှချွေးများအားလက်ခုံဖြင့်ဖယ်သုတ်လိုက်ရင်းဘေးနားတွင်အမြဲအသင့်ထားလေ့ရှိသည့်ရေသန့်ဘူးအားယူကာကုန်သည်အထိမော့သောက်ချလိုက်သည်။

မျက်လုံးထောင့်နားတွင်မျက်ရည်ကြည်များစို့နေမိပြီးပူပူနွေးနွေးမက်ခဲ့သည့်အိပ်မက်အားပြန်တွေးမိလေတော့အသံထွက်သည်အထိရှိုက်ငိုမိပါတော့သည်။

သည်လေးနှစ်လုံးလုံးအိပ်မက်ထဲတောင်အလည်မလာဖူးသည့်သူကသည်နေ့သူ့အိပ်မက်ထဲရောက်လာခဲ့သည်လေ ။ ဦးအံ့ကိုအပြင်မှာမြင်တွေ့ခွင့်မရှိတော့ရင်တောင်အိပ်မက်ထဲမှာမြင်တွေ့ရဖို့သူအမြဲဆုတောင်းနေခဲ့မိတာ ။

သူ့အိပ်မက်ထဲတွင်သူမနေ့ကသွားခဲ့သည့်လက်ပံကုန်းရွာလေးကိုရောက်ခဲ့ရဖြင်းဖြစ်ပြီးသူမြင်ခဲ့သည့်ကျွန်းအိမ်ကြီးဆီသို့ယောင်လည်လည်ဖြင့်လျှောက်သွားခဲ့၏ ။ အောက်ထပ်အိမ်တံခါးမကြီးဟာဖွင့်နေလျက်သားဖြစ်တာကြောင့်တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ဝင်သွားတော့အိမ်ထဲတွင်အရာအားလုံးဟာဗလာနတ္ထိပါပင်။ တစ်အိမ်လုံးမှောင်မိုက်နေကာဘာပစ္စည်းပရိဘောဂမျှလည်းရှိမနေခဲ့ ။ သို့သော်သူကိုကျောပေးရပ်နေခဲ့သည့်လူတစ်ယောက်ကိုတော့တွေ့ခဲ့ရပါသည် ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now