အောက်အီးအီးအွတ်........
မနက်စောစောနေပင်ကောင်းစွာမပွင့်သေး အပြိုင်တွန်နေကြသည့်ကြက်တွန်သံဆူဆူညံညံများကြောင့်အိပ်မရတော့ပဲနိုးလာရသည်။ မြို့တွင်နေခဲ့စဥ်ကမနက်နေမြင့်မှထတတ်ပါသော်လည်းရွာတွင်တော့နေပင်ကောင်းကောင်းမထွက်သေးသည့်မနက်ငါးနာရီလောက်တွင်ပင်အိမ်စေ့နိုးကုန်ကြလေပြီ။ ဆွမ်းချက်သံ၊အိုးခွက်ကျသံ၊တရားသံအေးအေးလေးများကပတ်ဝန်းကျင်အနှံ့ပျံ့လွင့်နေပြီးငှက်ကလေးများ၏တေးသီသံချိုချိုလေးများဟာလည်းနားဝင်ချိုစွာထွက်ပေါ်နေလျက်......။
စနေနေ့ကျောင်းပိတ်ရက်ဖြစ်သလိုမြို့ထဲလည်းသွားစရာရှိတာကြောင့်နိုးသည်နှင့်ဟန်ဂျူဂျူကို တက်ကြွနေတော့သည်။ မြို့ပေါ်ရောက်လျှင်အင်တာနက်လိုင်းတစ်ချက်မိတုန်းသူငယ်ချင်းများနှင့်အိမ်သို့ဖုန်းတစ်ချက်ဆက်ရမည်။ ရွာတွင်လျှပ်စစ်မီးမှာရံဖန်ရံခါသာရတတ်သည်ကြောင့်မြို့တက်တုန်းဖယောင်းတိုင်ရှည်များနှင့်ဓာတ်မီးတစ်လက်လောက်ဝယ်ရမည်။ တပည့်သေးသေးလေးများအဖို့လည်းစာရေးကိရိယာအစုံနှင့်ပုံပြင်စာအုပ်လေးများ၊မိမိအတွက်ကတော့အားလပ်ချိန်ဖတ်ရန်စာအုပ်အချို့ဝယ်ရဦးမည်။
တီ.........တီ
အရှေ့မှဆိုင်ကယ်ဟွန်းတီးသံကြောင့်သူအိပ်ချင်မူးတူးဖြင့်စောင်နှင့်အိပ်ရာခင်းအမြန်ခေါက်သိမ်းကာသွားထကြည့်တော့ကိုမြတ်နှိုင်းမာန်ပင်။ အနက်ရောင်အင်္ကျီလက်တိုလေးဝတ်ထားတာကြောင့်လက်မောင်းကြွက်သားများအားအထင်းသားမြင်နေရပြီးဂျင်းဘောင်းဘီရှည်အားလိုက်ဖက်စွာတွဲဝတ်ထားလေတော့ပုံမှန်ကျောင်းဆရာအသွင်နှင့်ကွဲပြားနေကာပို၍လူငယ်ဆန်သွားသယောင်ရှိသည်။ အိပ်ချင်မူးတူးဖြစ်နေသည့်သူ့ကိုမြင်တော့ထုံးစံအတိုင်းပါးချိုင့်လေးများထင်းသည်အထိအပြုံးချိုချိုလေးများနှင့်ပြုံးပြလာရင်းဆိုင်ကယ်ဦးထုပ်အားချွတ်ကာဆိုင်ကယ်ပေါ်မှဆင်း၍သူ့ဆီလျှောက်လာသည်။
" အခုမှအိပ်ရာကထသလား "
" ဟုတ်ကဲ့ ကိုမြတ်နှိုင်းမာန်ကစောလှချည်လား "
YOU ARE READING
Sunshine Of My Life [ Ongoing ]