Chapter - 22

398 10 6
                                    


ကောင်းကင်ပြာပြာ၊တိမ်ဖြူဖြူစင်စင်များ၊ငှက်ကလေးများ၏တေးသီသံတညံညံများနှင့်ရာသီဥတုသာယာလှသည့်မနက်ခင်းလေးတွင်အိမ်ကြီးတစ်အိမ်ရှိလူများမှာလည်းစိတ်အတွင်းရာသီဥတုလေးများထပ်တူကြည်လင်ပြုံးရွှင်နေကာမျက်နှာလေးများတွင်အပြုံးလေးများကိုယ်စီဖြင့်မအားလပ်နိုင်ကြ။

သည်နေ့ဟန်ဂျူဂျူကို၏ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ရက်လေးဖြစ်သည်ကြောင့်အိမ်ကြီးတွင်ကိုယ်စီအလုပ်ရှုပ်နေကြလေသည်။ဒေါ်ကြီးငုဝါမှဦးဆောင်ကာအိုးကြီးအိုးငယ်များဖြင့်အငွေ့တလှိုင်လှိုင်မွှေးမွှေးကြိုင်နေသည့်အိုးဘဲဥမုန့်ဟင်းခါးဟင်းရည်များအားချက်ပြုတ်ကာအခြားအိမ်အကူမိန်းကလေးများကမုန့်ဟင်းခါးနှင့်တွဲဖက်စားရာတွင်လိုအပ်သည့်ဆီချက်များ၊ကြက်သွန်ကြော်ကြွပ်ကြွပ်ကလေးများနှင့်နံနံပင်၊ပဲသီး၊ပူစီနံစသည်စသည်တို့အားအသေအချာပြင်ဆင်နေကြသည်။ ငှက်ပျောပင်ပါဝင်သည့်ဟင်းရည်အိုးကတစ်အိုး၊ငှက်ပျောပင်မကြိုက်သည့်သူလေးများအတွက်ငါးပြုတ်ဟင်းရည်အိုးကတစ်အိုးပြင်ဆင်ပေးထားကာစားချင်စဖွယ်အနံ့သင်းသင်းလေးကလေထုထဲတွင်ပျံ့နှံ့လျက်။မနက်ခင်းပိုင်းတွင်သံဃာတော်များအားကပ်လှူလှူဒါန်းကာခင်မင်သည့်လူကြီးသူမများနှင့်​မိတ်ဆွေများကိုဖိတ်မည်။ ညဘက်တွင်တော့လူငယ်သီးသန့်စုကာဝိုင်းတည်ပြီးစိတ်ကြိုက်ကဲကြဖို့ရန်စီစဥ်ထားသည်။

" ကြီးကြီး ကျွန်တော်ဘာကူပေးရမလဲ "

မွေးနေ့ရက်လေးလည်းဖြစ်သလိုရာသီဥတုမှာလည်းအလွန်သာယာလှသည်ကြောင့်ဟန်ဂျူဂျူကိုအများကြီးစိတ်ကြည်လင်၍နေကာလန်းဆန်းနေတော့သည်။
ယခုမှအိပ်ရာထလာခဲ့သည်ကြောင့်ကုတ်ထောက်နေသည့်ဆံပင်လေးများကဖွတိဖွတာဖြစ်နေကာညအိပ်ဝတ်စုံအပြာရောင်ဝမ်းဆက်လေးကိုပင်မလဲရသေး။

" မလိုပါဘူးသားဂျူရယ်၊မွေးနေ့ရှင်ကအေးအေးဆေးဆေးလေးပဲနေ၊ကြီးကြီးတို့လုပ်ယူမယ် ဟုတ်ပြီလား၊မျက်နှာတွေဘာတွေသစ်လိုက်ဦး "

" မဟုတ်တာ၊မဟုတ်တာ၊ကြီးကြီးကမောနေတာကိုကျွန်တော်ကဘယ်လိုအေးဆေးနေရမတုန်းဗျ "

Sunshine Of My Life [ Ongoing ] Where stories live. Discover now