Chapter - 26

236 12 5
                                    

" ဟန်သုတကတကယ့်ကောင်၊ဒင်းနှိုင်းခန့်မောင်ကိုကြိုက်တာတစ်တန်းလုံးသိတယ်၊ဒင်းပဲမသိသေးတာ "

" မကြိုက်လို့တောင်ဒီလောက်ဖြစ်ပျက်နေတာ၊ကြိုက်တယ်များသာဝန်ခံလိုက်ရင်ငါတို့နေစရာနေရာတောင်ရှိမှာမဟုတ်ဘူး "

" ငါ့အထင်ကတော့နှိုင်းခန့်မောင်နဲ့သူကလိုက်ဖက်ပါတယ်၊ငါတို့ကောင်ကြီးကိုအတည်ပေါက်ကြီးချစ်နေတာခံစားမိတယ် "

ဟန်သုတမရှိတုန်းတဖြတ်ဟန်ဂျူဂျူကိုတို့သုံးယောက်သားတီးတိုးတွေပြောနေဖြစ်သည်။ဟန်သုတရှေ့သွားပြောလျှင်တော့သုံးယောက်လုံးသေချာပေါက်အဆဲခံရဦးမည်ပင်။ ဟန်ဂျူဂျူကိုကကားလမ်းသေချာဂရုစိုက်ကြည့်မောင်းရင်းနှင့်......

" ဒါပေမယ့်ငါနည်းနည်းစိတ်ပူနေတာတစ်ခုရှိတယ်၊မေကြီးတို့ကလိင်တူချစ်တာလက်မခံရင်ဘယ်လိုလုပ်မလဲ၊ဒီနှစ်ယောက်ကမကြာခင်အတည်ပေါက်ဖြစ်ကြတော့မယ့်ပုံပေမယ့်မေကြီးနဲ့ဖေကြီးကလက်မခံရင်အဆင်ပြေနိုင်ပါ့မလား "

ဟန်ဂျူဂျူကို၏တွေးဆဆဖြင့်ပြောသည့်စကားဆုံးသော်ဈာန်သုတနှင့်နှိုင်းသုတမှတခွီခွီဖြင့်အော်ရယ်ကြတော့သည်။ ဟန်ဂျူဂျူကို ကသူ့စကားကိုအလေးမထားပဲလှောင်ရယ်နေကြသည်ဟုထင်သွားရင်းစိတ်ဆိုးသည့်ပုံပြသည်။ထိုအခုမှဈာန်သုတက.....

" မင်းအတွေးလွန်နေတာပဲအုန်းသီးရာ၊ငါတို့အိမ်ကိိုဟိုးငယ်ငယ်လေးကတည်းကဝင်ထွက်သွားလာနေပြီးမေကြီးအကြောင်းကျကောင်းကောင်းမသိဘူးကိုး၊မေမေကLGBT Supporterအကြီးစားလေကွ "

နှိုင်းသုတမှလည်းထပ်တူအရယ်မပြတ်ရင်း.....

" မေမေကငယ်ငယ်လေးကတည်းကစာပေမျိုးစုံဖတ်သလိုအခုထိလည်းခေတ်နဲ့အလိုက်စာပေတွေရွေးဖတ်နေတုန်း၊စာပေမျိုးစုံဖတ်ထားတဲ့မေမေ့ဦးနှောက်ကိုတစ်အိမ်လုံးလည်းလိုက်မမီတော့ပါဘူးကွာ၊မိန်းကလေးတွေခဏခဏပြောလေ့ရှိတဲ့Wattpad Appကစာတွေလည်းမေမေကဖတ်သေးတယ် "

" ဒါပေမယ့်အဲ့App ကိုတချို့တွေကအရမ်းမုန်းကြတာနော်၊ဘာပါလိမ့်....ညစ်ညမ်းစာပေတွေရေးကြလို့ဆိုလား "

Sunshine Of My Life [ Ongoing ] Where stories live. Discover now