" ရာဇသိင်္ခ ငါ့သား၊အဲ့လူကိုသေချာမှတ်ထား၊သားမေမေသေသွားခဲ့ရတာအဲ့လူကြောင့်၊အဲ့လူကိုသားကလုံးဝချစ်လို့မရဘူး၊နားလည်သလား "
" ဦးငယ်ကလား "
" တိတ်စမ်း! အဲ့ဒါသားရဲ့ဦးငယ်မဟုတ်ဘူး၊ သူကဖေဖေတို့မိသားစုကွဲပြိုအောင်လုပ်ခဲ့တဲ့သူ။ အဲ့ဒါကိုဦးနှောက်ထဲစွဲနေအောင်မှတ်ထား "
ပါးလေးနှစ်ဖက်မှာဖောင်းအိနေကာမျက်နှာဝိုင်းဝိုင်း၊ပုပုလုံးလုံး၊အသားရေညိုညက်ညက်နှင့်ချစ်စရာကလေးငယ်လေးကာဦးနှောက်သေးသေးလေးဖြင့်အရှေ့မှဖခင်ဖြစ်သူ၏စကားအားလိုက်မီအောင်အပြေးအလွှားတွေးနေရသည်။ ထိုကလေးငယ်တွင်မိခင်ဝမ်းတွင်းမှထွက်စဥ်ကတည်းကပါရှိလာသည့်အမြင်စွမ်းအားတစ်ခုလည်းရှိ၏ ။ အရွယ်ရောက်သိတတ်လာကတည်းကဘုံဘဝခြားဝိညာဥ်လောကသားများနှင့်ဆက်သွယ်နိုင်သည့်ထူးခြားသည့်ကလေးငယ်တစ်ဦးဖြစ်သည်။
လေးနှစ်ခွဲသားရာဇသိင်္ခဆိုသည့်ကလေးငယ်လေးဟာထိုအရွယ်ကအမုန်းတရားမီးများအစဥ်ကင်းခဲ့ပါ၏။ ဖခင်ဖြစ်သူမည်သို့ပင်ဆိုဆိုသူသိထားသည့်သူ့ဦးငယ်လေးဟာလူကောင်းတစ်ယောက်၊အများကဝိုင်းချစ်ကြသည့်လူတစ်ယောက်၊သူ့အားမခေါ်မပြောပါသော်လည်းပြုတ်ကျတာဖြစ်ဖြစ်၊ဖျားနာတာလေးများမြင်လျှင်ဖြစ်ဖြစ်မနေနိုင်ပဲလာရောက်ပွေ့ချီတွဲကူပေးတတ်သည့်အေးစက်စက်လူသားတစ်ယောက်ဟုသာမှတ်ယူရင်းဦးငယ်လေးအပေါ်လေးစားချစ်ခင်မြဲပင်။
သူ့အသက်ငါးနှစ်သားအရွယ်ခန့်တွင်ဦးငယ်လေးဟာပျောက်ချင်းမလှပျောက်သွားခဲ့တာကြောင့်ဝမ်းနည်းကာငိုကြွေးခဲ့မိသေး၏ ။
" သားဦးငယ်ကမကောင်းတာတွေလုပ်များလို့ငရဲမင်းကြီးကဆွဲခေါ်သွားပြီလေသားရဲ့ "
" ဦးငယ်ကလူကောင်း ၊ ဖေဖေမဟုတ်တာတွေမပြောနဲ့ ၊ဦးငယ်ကနတ်သားလေးဖြစ်နေမှာ "
ဖခင်ဖြစ်သူ၏စကားအားဤသို့နှယ်ပြန်ခံပြောခဲ့မိသေး၏ ။ သူ့ကိုမြင်လျှင်ရုပ်တည်ဖြင့်မခေါ်မပြောတတ်သည့်ဦးငယ်ကိုသူအမြဲစောင့်နေခဲ့ဖူးသည်။
ထိုနေ့ ။ ထိုနေ့မတိုင်ခင်ထိဦးငယ်ကိုလေးစားချစ်ခင်စိတ်ကမပျောက်ခဲ့ ။
YOU ARE READING
Sunshine Of My Life [ Ongoing ]