Chapter - 2

947 37 0
                                    

" ကဲ ဒီမိသားစုသုံးယောက်ကရော "

သူတို့အလှည့်ရောက်လာပြီဖြစ်တာကြောင့်သားငယ်လေးအားခေါ်၍ဆရာမကြီး၏အရှေ့တွင်သေချာနေရာယူကာထိုင်လိုက်ကြသည် ။ အနှီဆရာမကြီးမှာသူတို့အားထူးဆန်းသောအကြည့်မျိုးဖြင့်ကြည့်ကာပြုံး၍နေသည် ။ မည်သို့ပင်ဖြစ်ပါစေ
ဒေါ်ဂျူဂျူမိုးဆရာမကြီးအားအိပ်မက်အကြောင်းမှစကာ
သားငယ်ပြောပြသည့်စကားများအဆုံးပြည့်ပြည့်စုံစုံပြောပြတော့ဆရာမကြီးမှာနားလည်ပါသည်ဟူသည့်အဓိပ္ပါယ်ဖြင့်
ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည် ။

" ကောင်းခြင်းအဖြာဖြာနဲ့မွေးလာတဲ့ကလေးငယ်လေး ၊
လာပါဦး လက်လေးပေးပါဦး "

အသက်အရွယ်မှာခန့်မှန်းခြေအရ ၆၀ ကျော်အရွယ်ခန့်ရှိလှပြီဖြစ်သည့်တိုင်နုပျိုသည့်အသွင်ရှိသောဆရာမကြီးမှာဟန်ဂျူဂျူကိုအားနူးညံ့စွာပြုံးပြရင်းပြောလေသည် ။ ဟန်ဂျူဂျူကိုလေးမှာတော့ဖခင်ဖြစ်သူနှင့်မိခင်ဖြစ်သူအားမျက်လုံးလေးများဝိုင်းကာကြည့်နေတာကြောင့်မိဘနှစ်ဦးလုံးပြုံးကာ
ခေါင်းငြိမ့်ပြမှသာလက်ဖြူဖြူသေးသေးလေးအားဖြန့်ပြသည် ။

" မုန့်မုန့်ပေးဖို့ယားဟင် ၊ သားသားချောင်းချိုးရင်မေမေချူမယ် "

လက်ဖြန့်ခိုင်းသည်ကိုမုန့်ပေးမည်ထင်နေသောဟန်ဂျူဂျူကိုကြောင့်အကုန်ဝိုင်းရယ်မိကြလေသည် ။ ထို့နောက်ပြန်တိတ်ဆိတ်သွားကာဆရာမကြီးမှာဟန်ဂျူဂျူကို၏လက်ဖဝါးသေးသေးလေးကိုတစ်လှည့် ၊ မျက်နှာဖြူဖြူဝိုင်းဝိုင်းလေးကိုတစ်လှည့်ကြည့်ရင်း.........

" သက်တမ်းရင့်ဝိညာဥ်တစ်ကောင်ဒီကလေးအနားမှာတွယ်ကပ်နေတယ် "

" ဗျာ "

" ရှင် ဘယ်လို! "

" ......... "

ဟန်ဂျူဂျူကိုမှာတော့ထိတ်လန့်နေပုံရသည့်မိဘများရယ် ၊ သူ့အရှေ့မှအဖွားအရွယ်ရှိသည့်ဆရာမကြီးကိုရယ်ကြည့်ရင်း
နားမလည်နိုင်စွာဖြစ်နေသည် ။ ဝိညာဥ်ဆိုသည့်အသုံးနှုန်းကိုလည်းသူ၏ဦးနှောက်သေးသေးလေးမှကောင်းမွန်စွာနားမလည်ပါချေ ။

" သေချာလေးရှင်းပြလို့ရမလားဆရာမကြီးခင်ဗျ "

ဆရာမကြီးကဟန်ဂျူဂျူကို၏နားထင်မှအမှတ်နက်နက်လေး
အားလက်ညှိုးဖွဖွဖြင့်ထိကာ...

Sunshine Of My Life [ Ongoing ] Where stories live. Discover now