" မေမေတို့သွားရင်လိုတာတွေကိုဒေါ်ကြီးငုဝါတို့ကိုပြောနော် ၊ အချိန်မှန်အိပ် ၊အချိန်မှန်စား ၊ အိမ်စာပုံမှန်လုပ် ၊ သတိရရင်ဖုန်းဆက် ၊မေမေပြန်လာရင်အိမ်စာတွေစစ်မယ်နော် "
" ဟုတ်ကဲ့မေမေ ၊သားသားကိုစိတ်ချ "
" ဖေဖေတို့CCTV ကနေကြည့်နေမယ်နော် ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက် ၊ကျောင်းပြန်ရင်ဦးထက်မြက်လာကြိုမှပြန် ဟုတ်ပြီလား "
" ဟုတ်ကဲ့ "
" ပုံပြင်စာအုပ်တွေကပန်းချီမျိုးမာန်ပဲယူမှာလား ထပ်လိုချင်တာတွေရှိသေးလား "
" အာ ရုပ်ပြမဟုတ်တဲ့တခြားစာအုပ်တွေလည်းလိုချင်တယ်မေမေ "
" ဒါဆိုမေမေတို့အမျိုးစုံအောင်ဝယ်ခဲ့ပေးမယ်နော်၊ သောကြာနေ့ဆုယူတဲ့မနက်အမီမေမေတို့ပြန်လာခဲ့မယ် "
" ဟုတ်ကဲ့ပါ "
" ကျောင်းပိတ်ရက်ကျရင်ဖေဖေတို့တူတူလျှောက်လည်ကြမယ်နော် ၊ Happy World သွားကြမယ် "
" တကယ်လား၊သားသားစောင့်နေမယ် ဟီး "
ဟန်ဂျူဂျူကိုဖေဖေနှင့်မေမေအားပျော်ရွှင်စွာပွေ့ဖက်လိုက်ပြီးနှစ်ယောက်၏အလယ်တွင်နေရာယူကာထိုနေ့ညတွင်ဖေဖေမေမေ၏အနွေးဓာတ်ကလေးများဖြင့်နွေးထွေးစွာအိပ်စက်ခဲ့သည် ။ သူလိုချင်သည့်အရာမှန်သမျှအားမညည်းမညူဖြည့်ဆည်းပေးတတ်ကြသောဖေဖေနှင့်မေမေကိုသူအရမ်းချစ်ပါသည် ။ သူ၏ခံစားချက်များအားအမြဲနားလည်ပေးသလိုယနေ့အချိန်အထိသူ့အပေါ်ကြမ်းကြမ်းတမ်းတမ်းတစ်ကြိမ်လေးတောင်မပြောဆိုမဆက်ဆံဖူးသည့်
ဖေဖေနှင့်မေမေ၏အဖိုးတန်လေးဖြစ်ရသည်ကိုသူလွန်ဝမ်းသာမိသည် ။
.
.
.
.
.
.
.
." ခရီးသွားခါနီးမှကားကဘယ်လိုဖြစ်ရသလဲ ၊ ဘီးကရောဘယ်လိုဖြစ်လို့ပေါက်သွားရတာတုန်းဗျ "
" ကျွန်တော်လည်းမသိပါဘူးအစ်ကိုကြီး၊မနေ့ကအထိအကောင်းကြီးပါ "
ခရီးသွားရမည့်မနက်တွင်ဖြစ်သည် ။ အစစအရာရာအကုန်ပြင်ဆင်ပြီးကာမှကားကပျက်နေပါသတဲ့ ။
ဦးဟန်မျိုးသူလည်းခရီးသွားခါနီးမှသည်လိုဖြစ်ရ၍
စိတ်ထဲတစ်ချက်ထင့်သွားသည်။ ဒေါ်ဂျူဂျုမိုးမှာအထုတ်တွေကိုင်ထားရင်းစိတ်ထဲကောင်းမနေခဲ့ပါ။ သူ( မ )မနေ့ညကအိပ်မက်ထဲတွင်သားငယ်လေးမှာခရီးမသွားရန်ရှိုက်ကြီးတငင်ငိုရင်းတားနေခဲ့သည် ။
သူ( မ ) နှင့်ခင်ပွန်းဖြစ်သူ၏ခန္ဓာကိုယ်အနှံ့တွင်လည်းသွေးများပေရေနေခဲ့သလိုအဝေးပြေးလမ်းတစ်ခုပေါ်တွင်နှစ်ယောက်လုံးလဲကျနေခဲ့သည် ။
အိပ်မက်လည်းပြီးရောသူ( မ )ထိတ်လန့်စွာနိုးလာခဲ့သည် ။ အလုပ်ကိစ္စမှာလည်းအရေးတကြီးမို့
အထအနကောက်ကာအချိန်ဆွဲ၍မဖြစ်ပေ။
YOU ARE READING
Sunshine Of My Life [ Ongoing ]